CeleGabar ပရိသတ်ကြီးရေဦးဇေသီဟကတော့ ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့နိုင်ငံကျော် မင်းသမီးနန္ဒါလှိုင်ရဲ့အမျိုးသားပဲ ဖြစ်ပါတယ်။ သမီးလေး (၃) ယောက်ကိုပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝျလးကို နန္ဒါလှိုင်နဲ့အတူဖြတ်သန်းနေတာပါ။
ဒီနေ့ကျရောက်တဲ့ဒီဇင်ဘာလ(၂၄)ရက်နေ့ကတော့ ဦးဇေသီဟရဲ့ဖခင်ကြီး ဇေကမ္ဘာပြတိုက်ပိုင်ရှင် ဦးခင်ရွှေရဲ့အသက်၇၀ပြည့်မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ ဖခင်ကြီး အသက်၇၀ပြည့်မွေးနေ့အလှူတော်မင်္ဂလာအဖြစ် တိပိဋကဓရ အမှတ် (၁၁) ဆရာတော်ဘုရားကြီးနှင့် ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီးတို့ကိုအမှူးထားပြီး ကျိုက်ထီးဆောင်းဘုရားစေတီတော်ကြီးနှင့်ကေလာသဘုရားစေတီတော်ကြီးတို့အား အလှူငွေကျပ်သိန်း၂၀၀၀ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။
CeleGabarပရိသတ်တွေလည်း ကျိုက်ထီးဆောင်းဘုရားစေတီတော်ကြီးနှင့်ကေလာသဘုရားစေတီတော်ကြီးတို့အား အလှူငွေကျပ်သိန်း၁၀၀၀စီလှူဒါန်းခဲ့တဲ့ ဇေကမ္ဘာမိသားစုရဲ့ အလှူအတွက် သာဓုအနုမောဓနာခေါ်ဆိုခဲ့ကြပါဦးနော်။
Koe – CeleGabar
Source-ZayThiha
ZawgyiFontဖြင့်ဖတ်ရန်
” ဖခင်ကြီး အသက်၇၀ပြည့်မွေးနေ့အလှူတော်မင်္ဂလာအဖြစ် ကျိုက်ထီးဆောင်းဘုရားစေတီတော်ကြီးနှင့်ကေလာသဘုရားစေတီတော်ကြီးတို့အား အလှူငွေကျပ်သိန်း(၁၀၀၀ )စီလှူဒါန်းခဲ့တယ်ဆိုတဲ့ ဦးဇေသီဟ”
Koe – CeleGabar
Source-ZayThiha