CeleGabarပရိသတ်ကြီးရေ ရေဗက္ကာဝင်းကတော့မြန်မာနိုင်ငံရဲ့အကောင်းဆုံးအမျိုးသမီးတေးသံရှင်တွေထဲကတစ်ယောက်ပါ။သူမကတော့ ခရစ်ယာန်ဘာသာကိုကိုးကွယ်သူတစ်ယောက်ဖြစ်ပြီး အလှူအတန်းရက်ရောကာ မကြာမကြာလှူဒါန်းမှုတွေပြုလုပ်တတ်သူဖြစ်ပါတယ်။
ပရိသတ်တွေအပေါ်မှာလည်းအမြဲတလေးတစားဆက်ဆံတတ်တဲ့ ရေဗက္ကာဝင်းကတော့ ဒီနေ့ကျရောက်တဲ့ ခရစ်စမတ်နေ့မှာ” Christmas means sharing, loving and caring🎄ဒီနှစ် Christmas အလှူအဖြစ် လူကိုယ်တိုင်မသွားရောက်နိုင်ခဲ့ပေမယ့် Shinni Nbat အနုပညာပိုးသဘက် အဖွဲ့နဲ့အတူ IDPs Camp တွေက စစ်ဘေးရှောင် ကလေး၁၂၀ကို မြစ်ကြီးနားက JZ resort မှာ တနေ့တာ ဒံပေါက်ကျွေး ဖလံထည်ဝမ်းဆက် လက်ဆောင်ပေးပြီး မေတ္တာပြ လှူဒါန်းခဲ့ပါတယ်အားလုံးအတွက်ပျော်ရွှင်စရာခရစ္စမတ်မဟုတ်ပေမယ့် မေတ္တာပြတဲ့ခရစ္စမတ်ဖြစ်ကြပါစေလို့ ဆုတောင်းပါတယ် Merry Christmas 🎁 🎄”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။
တကယ့်ကိုမေတ္တာတရားရှေ့ထားကာ အလှူအတန်းမှာလက်မနှေးတဲ့ ရေဗက္ကာဝင်းရဲ့ အကျိုးရှိလှတဲ့အလှူလေးကတော့တကယ့်ကိုကြည်နူးစရာပါပဲ။ CeleGabarပရိသတ်ကြီးလည်းမယ်ရီခရစ်စမတ်နေ့မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။
Koe-CeleGabar
Source – RebeccaWin
ZawgyiFontဖြင့်ဖတ်ရန်
” ခရစ်စမတ်နေ့မှာ IDPs Camp တွေက စစ်ဘေးရှောင် ကလေး၁၂၀ကို မြစ်ကြီးနားက JZ resort မှာ တနေ့တာ ဒံပေါက်ကျွေး ဖလံထည်ဝမ်းဆက် လက်ဆောင်ပေးပြီး မေတ္တာပြ လှူဒါန်းခဲ့တယ်ဆိုတဲ့ရေဗက္ကာဝင်း”
Koe-CeleGabar
Source – RebeccaWin