” ချစ်စရာကောင်းတဲ့သမီးလေးသုံးယောက်ကတော့သူ့ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းလေးတွေပါလို့ ချစ်မဝဖြစ်ကာထုတ်ပြောလာတဲ့ ဖေဖေAhBoy”
CeleGabar ပရိသတ်ကြီးရေ အဆိုတော်Ah Boyကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့သမီး ၃ယောက် အပြင် သားဦးလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူမြတ်ရတနာကျော်ကလည်း ပထမဇနီးနဲ့ရရှိခဲ့တဲ့သမီးလေးနှစ်ယောက်အပေါ် အမေရင်းသဖွယ်ဂရုစိုက်မှုကြောင့်သူတို့မိသားစုလေးကတော့အမြဲပျော်ရွှင်ကာ စိတ်ချမ်းသာစရာကောင်းနေတာပဲဖြစ်ပါတယ်။
အငယ်ဆုံးသားလေးကတော့ JadenPhyoTun ဆိုတဲ့နာမည်လေးပေးထားပြီး ဖေဖေAh Boyနဲ့ မေမေမြတ်ရတနာကျော်ဆီတို့က ကြည့်ကောင်းခြင်းတွေပဲ ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့သမီးလေး ၃ယောက်ဆုံတွေ့ခဲ့တဲ့ပုံရိပ်လေးတွေကို တင်ကာ”ကျနော့် ဘဝ၏ မရှိမဖြစ် အစိတ်အပိုင်းများ ❤️”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်လာခဲ့တာပါ။
တစ်ယောက်တစ်မျိုးစီချစ်စရာကောင်း​ကာ လှနေတဲ့သမီးလေးတွကတော့ ဖေဖေAhboy ချစ်မဝဖြစ်လည်းဖြစ်ချင်စရာပါပဲနော်။CeleGabarပရိသတ်တေွလည်း Ah boyရဲ့သ​မီးလေးတွေကို ချစ်ရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Koe-CeleGabar
Source – KyawPhyoTun
ZawgyiFont ဖြင့်ဖတ်ရန်
Koe-CeleGabar
Source – KyawPhyoTun
Check Also
” Youtube Channel မှာ Subscribersအယောက်၁သိန်းပြည့်သွားခဲ့တာကြောင့် Youtubeကပေးတဲ့ Creator Awardလေး ရရှိခဲ့ကြောင်း ဝမ်းသာစွာ ပြောပြလာတဲ့ ယွန်းမြတ်သူ”
CeleGabar ပရိသတ်ကြီးရေယွန်းမြတ်သူကတော့လတ်တလောမှာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းအစားဆုံး သီချင်းရဲ့ပိုင်ရှင်လို့ဆိုရမှာပါ။ ပထမCovidကာလမှာလည်း သူမရဲ့အဆင်ပြေမနေပါဘူးသီချင်းဟာ ပရိသတ်တွေအတွက် ရေပန်းစားခဲ့ပြီး အခုဒုတိယ Covidကာလမှာဆိုရင်လည်း သီချင်းမထွက်ခင်ကတည်းကသူမရဲ့ ”နင်လမ်းတွေ့ခဲ့ရင်”သီချင်းဟာ ပရိသတ်တွေပါးစပ်ဖျားနေရာယူထားခဲ့တဲ့သီချင်းဖြစ်ခဲ့တာပါ။ လက်တလောမှာလည်းအသစ်စက်စက်ထွက်ရှိထားတဲ့𝘽𝙍𝘼𝙄𝙉𝙇𝙀𝙎𝙎 Music …
x