“သားအမိ၃ယောက်ရဲ့ဝမ်းစာအတွက် ပဲကတ္တီပါပြုတ်ရောင်းကာ ရပ်တည်နေတဲ့ သာစည်မြို့က အဘွားအိုကို ငွေကျပ်၁သိန်းလှူဒါန်းခဲ့တဲ့ မိုးစက်”

CeleGabarပရိသတ်ကြီးရေလူရွှင်တော်မိုးစက် အလှူရှင်တွေနဲ့အတူ စီနီယာဆရာသမားတွေကိုရတဲ့ဘက်ကအကူအညီတွေပေးနေတဲ့အပြင် ဘယ်အချိန်ဘယ်နေရာမှာပဲ ဖြစ်ဖြစ်သက်ကြီးရွယ်အိုတွေအပြင် ဒုက္ခရောက်နေတဲ့သူတစ်ချို့ကို နိုင်သလောက်ထောက်ပံ့ပေးတတ်သူပါ။ဒီ​​ေန့မှာလည်း သာစည်မြို့ကို သွားရောက်ရင်း ပဲကတ္တီပါပြုတ်ရောင်းတဲ့အဖွားအိုတစ်ယောက်ကိုကူညီခဲ့တာပဲ ဖြစ်ပါတယ် ။

“သာစည်မြို့က ပြန်ခါနီးလေးမှာပေါ့….အဖွား ပဲကတ္တီပါပြုတ်ရောင်းတာ တစ်ရက်တစ်ထောင်ကျော်လောက်တော့ မြတ်တယ်…”ဟင်..တစ်ထောင်ကျော်…၊ အဖွားတို့ တစ်ထောင်ကျော်နဲ့ စားလောက်ပါ့မလား..”မလောက်ပါဘူး သားရယ်…နယ်မြို့လေးဆိုတော့ နည်းနည်းပါးပါးလေးဘဲရောင်းရတာပေါ့…””အဖွားမှာ သမီးတွေ ရှိတယ်လို့အဖွားအကြောင်းပြောပြသူတွေက တစ်ဆင့် သိရပါတယ်..၊ အဲ့ဒီသမီးတွေကရော…””အကြီးမ ကတော့ အိမ်မှာဘဲယက်ကန်းယက်တယ် ၊ တစ်ရက် ၂၅၀၀ လောက်တော့ ရတယ်..အငယ်မလေးကတော့သူများ ယက်ကန်းမှာ အလုပ်ဝင်ရတာပေါ့သူလဲ တစ်ရက် ၂၀၀၀ လောက်တော့ ရတယ်…””ဒါဆို အဖွားတို့ သားအမိ ၃ယောက်တည်းစားလောက်ရဲ့လား…””ဘယ်လောက်မလဲ သားရယ်…အငယ်မလေး ဆေးကုထားတာကြောင့်ကြွေးမှီလေးတွေက ထပ်တင်နေတာအဲ့ဒါလေးတွေလဲ ဖဲ့ဆပ်နေရတာပေါ့…”

“ဟုတ်ကဲ့ပါ အဖွား…သား ပဲကတ္တီပါပြုတ် တော့ မယူတော့ပါဘူး ။အဖွားကို တစ်သိန်း ကန်တော့ခဲ့မယ်နော်…ဝမ်းသာလိုက်တာသားရယ်…ကျေးဇူးလဲ တင်ပါတယ်…”ဒီလိုနဲ့ သာစည်မြို့ကို ခေတ္တရောက်နေတဲ့ကျွန်တော့်အတွက် ပီတိဖြာနေတဲ့ အပြုံးလေးတစ်ပွင့် မြင်လိုက်ရတာပေါ့ဗျာ။အဖွားလဲ အခက်အခဲတွေ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ကျွန်တော်ရောက်သမျှနေရာတိုင်းမြင်တွေ့သမျှ အခက်အခဲတွေကိုကူညီခွင့်ရအောင်ပါဝင်လှူဒါန်းပေးကြတဲ့ မိတ်ဆွေအပေါင်း ကျေးဇူးကမ္ဘာပါခင်ဗျာ။🙏🙏🙏”ဆိုတဲ့စာလေးနဲ့ ပကာသနမပါတဲ့လှူဒါန်းမှုလေးအထမြောက်ခဲ့ပုံကိုဖောက်သည်ချပြောပြခဲ့တာပါ။CeleGabarပရိသတ်ကြီးလည်းရောက်တဲ့နေရာရောက်တဲ့အရပ်မှာအလှူရေစက်လက်နဲ့မကွာလှူဒါန်းပေးတဲ့ မိုးစက်ရဲ့ကုသိုလ်တွေကိုသာဓုခေါ်ခဲ့ကြပါဦးနော်။

Koe-CeleGabar
Source – MoeSat
ZawgyiFontဖြင့်ဖတ်ရန်

“သားအမိ၃ေယာက္ရဲ႕ဝမ္းစာအတြက္ ပဲကတၱီပါျပဳတ္ေရာင္းကာ ရပ္တည္ေနတဲ့ သာစည္ၿမိဳ႕က အဘြားအိုကို ေငြက်ပ္၁သိန္းလႉဒါန္းခဲ့တဲ့ မိုးစက္”

 

CeleGabarပရိသတ္ႀကီးေရလူ႐ႊင္ေတာ္မိုးစက္ အလႉရွင္ေတြနဲ႔အတူ စီနီယာဆရာသမားေတြကိုရတဲ့ဘက္ကအကူအညီေတြေပးေနတဲ့အျပင္ ဘယ္အခ်ိန္ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္သက္ႀကီး႐ြယ္အိုေတြအျပင္ ဒုကၡေရာက္ေနတဲ့သူတစ္ခ်ိဳ႕ကို ႏိုင္သေလာက္ေထာက္ပံ့ေပးတတ္သူပါ။ဒီ​​ေန႔မွာလည္း သာစည္ၿမိဳ႕ကို သြားေရာက္ရင္း ပဲကတၱီပါျပဳတ္ေရာင္းတဲ့အဖြားအိုတစ္ေယာက္ကိုကူညီခဲ့တာပဲ ျဖစ္ပါတယ္ ။

“သာစည္ၿမိဳ႕က ျပန္ခါနီးေလးမွာေပါ့….အဖြား ပဲကတၱီပါျပဳတ္ေရာင္းတာ တစ္ရက္တစ္ေထာင္ေက်ာ္ေလာက္ေတာ့ ျမတ္တယ္…”ဟင္..တစ္ေထာင္ေက်ာ္…၊ အဖြားတို႔ တစ္ေထာင္ေက်ာ္နဲ႔ စားေလာက္ပါ့မလား..”မေလာက္ပါဘူး သားရယ္…နယ္ၿမိဳ႕ေလးဆိုေတာ့ နည္းနည္းပါးပါးေလးဘဲေရာင္းရတာေပါ့…””အဖြားမွာ သမီးေတြ ရွိတယ္လို႔အဖြားအေၾကာင္းေျပာျပသူေတြက တစ္ဆင့္ သိရပါတယ္..၊ အဲ့ဒီသမီးေတြကေရာ…”

“အႀကီးမ ကေတာ့ အိမ္မွာဘဲယက္ကန္းယက္တယ္ ၊ တစ္ရက္ ၂၅၀၀ ေလာက္ေတာ့ ရတယ္..
အငယ္မေလးကေတာ့သူမ်ား ယက္ကန္းမွာ အလုပ္ဝင္ရတာေပါ့သူလဲ တစ္ရက္ ၂၀၀၀ ေလာက္ေတာ့ ရတယ္…””ဒါဆို အဖြားတို႔ သားအမိ ၃ေယာက္တည္းစားေလာက္ရဲ႕လား…””ဘယ္ေလာက္မလဲ သားရယ္…အငယ္မေလး ေဆးကုထားတာေၾကာင့္ေႂကြးမွီေလးေတြက ထပ္တင္ေနတာအဲ့ဒါေလးေတြလဲ ဖဲ့ဆပ္ေနရတာေပါ့…”

“ဟုတ္ကဲ့ပါ အဖြား…သား ပဲကတၱီပါျပဳတ္ ေတာ့ မယူေတာ့ပါဘူး ။အဖြားကို တစ္သိန္း ကန္ေတာ့ခဲ့မယ္ေနာ္…ဝမ္းသာလိုက္တာသားရယ္…ေက်းဇူးလဲ တင္ပါတယ္…”ဒီလိုနဲ႔ သာစည္ၿမိဳ႕ကို ေခတၱေရာက္ေနတဲ့ကြၽန္ေတာ့္အတြက္ ပီတိျဖာေနတဲ့ အၿပဳံးေလးတစ္ပြင့္ ျမင္လိုက္ရတာေပါ့ဗ်ာ။အဖြားလဲ အခက္အခဲေတြ ေက်ာ္ျဖတ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ကြၽန္ေတာ္ေရာက္သမွ်ေနရာတိုင္းျမင္ေတြ႕သမွ် အခက္အခဲေတြကိုကူညီခြင့္ရေအာင္ပါဝင္လႉဒါန္းေပးၾကတဲ့ မိတ္ေဆြအေပါင္း ေက်းဇူးကမာၻပါခင္ဗ်ာ။🙏🙏🙏”ဆိုတဲ့စာေလးနဲ႔ ပကာသနမပါတဲ့လႉဒါန္းမႈေလးအထေျမာက္ခဲ့ပုံကိုေဖာက္သည္ခ်ေျပာျပခဲ့တာပါ။CeleGabarပရိသတ္ႀကီးလည္းေရာက္တဲ့ေနရာေရာက္တဲ့အရပ္မွာအလႉေရစက္လက္နဲ႔မကြာလႉဒါန္းေပးတဲ့ မိုးစက္ရဲ႕ကုသိုလ္ေတြကိုသာဓုေခၚခဲ့ၾကပါဦးေနာ္။

Koe-CeleGabar
Source – MoeSat

Check Also

” Youtube Channel မှာ Subscribersအယောက်၁သိန်းပြည့်သွားခဲ့တာကြောင့် Youtubeကပေးတဲ့ Creator Awardလေး ရရှိခဲ့ကြောင်း ဝမ်းသာစွာ ပြောပြလာတဲ့ ယွန်းမြတ်သူ”

CeleGabar ပရိသတ်ကြီးရေယွန်းမြတ်သူကတော့လတ်တလောမှာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းအစားဆုံး သီချင်းရဲ့ပိုင်ရှင်လို့ဆိုရမှာပါ။ ပထမCovidကာလမှာလည်း သူမရဲ့အဆင်ပြေမနေပါဘူးသီချင်းဟာ ပရိသတ်တွေအတွက် ရေပန်းစားခဲ့ပြီး အခုဒုတိယ Covidကာလမှာဆိုရင်လည်း သီချင်းမထွက်ခင်ကတည်းကသူမရဲ့ ”နင်လမ်းတွေ့ခဲ့ရင်”သီချင်းဟာ ပရိသတ်တွေပါးစပ်ဖျားနေရာယူထားခဲ့တဲ့သီချင်းဖြစ်ခဲ့တာပါ။ လက်တလောမှာလည်းအသစ်စက်စက်ထွက်ရှိထားတဲ့𝘽𝙍𝘼𝙄𝙉𝙇𝙀𝙎𝙎 Music …

x