” ဒီဇိုင်နာမျိုးမင်းစိုးဖြစ်လာတာဟာ မိခင်ကြီးရဲ့သင်ပြမှုတွေကြောင့်မို့အမေများနေ့မှာ မိခင်ကြီးဟာသူ့ဘဝအတွက်စံပြဖြစ်ကြောင်း ဂုဏ်ပြုစကားဆိုလိုက်တဲ့ဒီဇိုင်နာမျိုးမင်းစိုး”

CeleGabar ပရိသတ်ကြီးရေ ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးထိပ်တန်းဒီဇိုင်နာတစ်ဦးဖြစ်ပြီး အနုပညာရှင်တွေအားကိုးနေရတဲ့ ဒီဇိုင်နာတစ်ဦးပါ။အနုပညာရှင်တွေကချစ်ကြသလို အနုပညာရှင်တွေအပေါ်မှာလည်း ဖော်ရွေတတ်သူပါ။

ဒီနေ့ကျရောက်တဲ့ဇန်နဝါရီလ ၁၆ရက်နေ့ကတော့ အမေများနေ့ဖြစ်ပြီး ဒီဇိုင်နာမျိုးမင်းစိုးကလည်း မိခင်ကြီးကို ” ကျန်တော်ကို၇တန်းကျောင်းသားဘဝထဲကစက်ချူပ်ပညာကိုသင်ကြားပေးခဲ့တဲ့ကျန်တော်ရဲ့မေမေပါ။ခုထိလည်းကျန်တော်ကိုသင်ပေးနေတုန်းကျန်တော်လုပ်ငန်းကိုဦးစီးပေးနေတုန်းပါပဲ။ကျန်တော်ရဲ့တစ်ဦးတည်းသောသင်ဆရာမွေးမိခင်ပါ။

Designer မျိုးမင်းစိုးရယ်လို့ဖြစ်လာခဲ့တာအမေကြောင့်ပါ။အမေဟာကျန်တော်ဘဝအတွက်တော့စံပြပါလို့…………….(16.1.2022) အမေများနေ့အမှတ်တရ”ဆိုတဲ့စာလေးနဲ့မိခင်ကြီးရဲ့ကျေးဇူးတရားတွေကိုသတိတတ်စွာအမေများနေ့မှာဖော်ပြခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ဒီဇိုင်နာမျိုးမင်းစိုးလိုမျိုး အမေများနေ့မှာ မိခင်ကြီးကို ကျေးဇူးသိတတ်စွာဂုဏ်ပြုကြဖို့တိုက်တွန်းလိုက်ပါတယ်။


Koe-CeleGabar
Source- MyoMinSoe
ZawgyiFontဖြင့်ဖတ်ရန်


 




Koe-CeleGabar
Source- MyoMinSoe

Check Also

” Youtube Channel မှာ Subscribersအယောက်၁သိန်းပြည့်သွားခဲ့တာကြောင့် Youtubeကပေးတဲ့ Creator Awardလေး ရရှိခဲ့ကြောင်း ဝမ်းသာစွာ ပြောပြလာတဲ့ ယွန်းမြတ်သူ”

CeleGabar ပရိသတ်ကြီးရေယွန်းမြတ်သူကတော့လတ်တလောမှာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းအစားဆုံး သီချင်းရဲ့ပိုင်ရှင်လို့ဆိုရမှာပါ။ ပထမCovidကာလမှာလည်း သူမရဲ့အဆင်ပြေမနေပါဘူးသီချင်းဟာ ပရိသတ်တွေအတွက် ရေပန်းစားခဲ့ပြီး အခုဒုတိယ Covidကာလမှာဆိုရင်လည်း သီချင်းမထွက်ခင်ကတည်းကသူမရဲ့ ”နင်လမ်းတွေ့ခဲ့ရင်”သီချင်းဟာ ပရိသတ်တွေပါးစပ်ဖျားနေရာယူထားခဲ့တဲ့သီချင်းဖြစ်ခဲ့တာပါ။ လက်တလောမှာလည်းအသစ်စက်စက်ထွက်ရှိထားတဲ့𝘽𝙍𝘼𝙄𝙉𝙇𝙀𝙎𝙎 Music …

x