” မိခင်ကြီးကို နေ့ထူးနေ့မြတ်တွေမှာ တသီးတသန့်အချိန်ပေးကာ သွားချင်တဲ့နေရာ စားချင်တာတွေလိုက်ပို့ပေးရမှ စိတ်ချမ်းသာတယ်ဆိုတဲ့ နေဒွေး”

CeleGabarပရိသတ်ကြီးရေ နေဒွေးကတော့ အမြဲ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့အသည်းကို သိမ်းပိုက်ထားနိုင်သူပါ။ဒါ့အပြင်ယောကျာ်းပီးသတဲ့​ဘော်ဒီဘော်ဒီကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။အိမ်ရဲ့ စီးပွားရေးကိုလည်း ဦးဆောင်လုပ်ကိုင်ကာ မိခင်ကြီးကို လုပ်ကျွေးပြုစုနေတဲ့သားကောင်းတစ်လက်ပါ။


ဒီနေ့မှာလည်း” ကျွန်တော် ငယ်ငယ်က မေမေအလုပ်အားလို့ ကျွန်တော့်ကိုအချိန်တွေပေး မုန့်တွေလိုက်ဝယ်ကျွေး လိုချင်တာတွေဝယ်ပေးပြီဆိုရင် အရမ်းပျော်ခဲ့ရတာ ခုချိန်ထိအမှတ်ရနေမိတယ်😍ကိုယ်တွေအသက်ရလာ ပြီးပိုက်ဆံရှာနိုင်တဲ့ အချိန်မှာလဲ အလုပ်အားပြီဆိုရင် နေ့ထူးနေ့ရက်လေးတွေဆို အမြဲမေမေ့ကိုအချိန်ပေးဖြစ်တယ်🥰”

“မနေ့က အမေများနေ့ ပြာသိုလပြည့်နေ့ထူးနေ့ရက်လေးမျာ မနက်ပိုင်း ဆန်ကိစ္စပြေး ညနေ လက်ခံထားတဲ့ Live Sale လွှင့်ပေး ညစရင်းလုပ်နဲ့ တနေကုန်မေမေ့ကိုအချိန်သေချာမပေးလိုက်ရလို့ ဒီနေ့ နေ့လယ်ပိုင်းကစပြီးအလုပ်တွေ ဖျက်ပြီးတာနဲ့ ညနေကစပြီး မေမေသွားချင်တဲ့နေရာ စားချင်တာတွေလိုက်ကျွေးလိုက်ရမှ စိတ်ချမ်းသာသွားတယ် ❤️ ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေတိုင်းကို အသက်ရှင်နေတဲ့ချိန်မှာ စိတ်ချမ်းသာ ပျော်အောင် တန်ဖိုးထားပေးကြပါနော်🙏🏼🙏🏼🙏🏼 ”ဆိုတဲ့စာလေးနဲ့ မိဘအပေါ်သိတတတ်လွန်းတဲ့သူ့ရဲ့စိတ်ထားလေးကို ပြောပြလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း မိဘတွေကိုအလုပ်ရှုပ်နေလည်း အချိန်ပေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Koe-CeleGabar
Source- Nway Dway
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Source- Nway Dway

Check Also

” Youtube Channel မှာ Subscribersအယောက်၁သိန်းပြည့်သွားခဲ့တာကြောင့် Youtubeကပေးတဲ့ Creator Awardလေး ရရှိခဲ့ကြောင်း ဝမ်းသာစွာ ပြောပြလာတဲ့ ယွန်းမြတ်သူ”

CeleGabar ပရိသတ်ကြီးရေယွန်းမြတ်သူကတော့လတ်တလောမှာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းအစားဆုံး သီချင်းရဲ့ပိုင်ရှင်လို့ဆိုရမှာပါ။ ပထမCovidကာလမှာလည်း သူမရဲ့အဆင်ပြေမနေပါဘူးသီချင်းဟာ ပရိသတ်တွေအတွက် ရေပန်းစားခဲ့ပြီး အခုဒုတိယ Covidကာလမှာဆိုရင်လည်း သီချင်းမထွက်ခင်ကတည်းကသူမရဲ့ ”နင်လမ်းတွေ့ခဲ့ရင်”သီချင်းဟာ ပရိသတ်တွေပါးစပ်ဖျားနေရာယူထားခဲ့တဲ့သီချင်းဖြစ်ခဲ့တာပါ။ လက်တလောမှာလည်းအသစ်စက်စက်ထွက်ရှိထားတဲ့𝘽𝙍𝘼𝙄𝙉𝙇𝙀𝙎𝙎 Music …

x