CeleGabarပရိသတ်ကြီးရေ အခုလိုချိန် စားဝတ်နေရေးသာမက အဘက်ဘက်ကခက်ခဲနေတဲ့ကာလမှာ ဆေးကုသဖို့ ခက်ခဲနေတဲ့သူတွေလည်းများစွာရှိနေကြတာပါ။ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေကတော့ အလှူရှင်တွေဆီကရသမျှကို နေရာပေါင်းစုံကိုမျှတအောင်လိုက်လံလှူဒါန်းပေးလျက်ရှိတာပါ။
ဒီနေ့မှာလည်း” ဒဂုံ ဆိပ်ကမ်းဘက်မှ သက်ကြီးဘိုးဘွား (၁၅၀) စာအတွက် လိုအပ်တာများ အသုံးပြုရန် အလှုငွေ (၁)သောင်းကျပ် (စုစုပေါင်း အလှူငွေ (၁၅) သိန်းကျပ်) အား “The Body Shop Myanmar “မိသားစု မှ နှစ်ဦး အလှုလေး အဖြစ် လှူဒါန်းပေးခဲ့ပါတယ်ရှင်..အလှူရှင်များနှင့် အလှူခံ ပုဂ္ဂိုလ်များကြား အလှူမြောက်အောင် လှူဒါန်းကုသိုလ်ယူဖြစ်ခဲ့ပါတယ်..ပြုပြု သမျှ ကုသိုလ်တို့အား ပေးသူ၊ယူသူ၊မြင်သူ၊ကြားသူ များ အားလုံး စိတ်ကြည်လင်စွာဖြင့် သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်..🙏🙏🙏”ဆိုတဲ့စာလေးနဲ့လှူဒါန်းမှုပုံရိပ်တွေကို တင်လာခဲ့တာပါ။

ဘယ်လိုနေရာဘယ်လိုဒေသရောက်ရောက်အလှူရေစက်လက်နဲ့မကွာလှူဒါန်းတတ်တဲ့ခိုင်နှင်းဝေရဲ့စေတနာသဒ္ဓါတရားကနော့တကယ့်ကိုထူးခြားလှပါတယ်။CekeGabarပရိသတ်တွေလည်း ခိုင်နှင်းဝေ မျှဝေပေးတဲ့အလှူကုသိုလ်တွေကိုသာဓုခေါ်ခဲ့ကြပါဦးနော်။
Koe-CeleGabar
Source – Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်
” ရရှိခဲ့အလှူငွေ (၁၅) သိန်းကျပ်ကို ဒဂုံ ဆိပ်ကမ်းဘက်မှ သက်ကြီးဘိုးဘွား (၁၅၀) စာအတွက် လိုအပ်တာများ အသုံးပြုရန် အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ခိုင်နှင်းဝေ”
Koe-CeleGabar
Source – Khine Hnin Wai