” Youtube Channel မှာ Subscribersအယောက်၁သိန်းပြည့်သွားခဲ့တာကြောင့် Youtubeကပေးတဲ့ Creator Awardလေး ရရှိခဲ့ကြောင်း ဝမ်းသာစွာ ပြောပြလာတဲ့ ယွန်းမြတ်သူ”

CeleGabar ပရိသတ်ကြီးရေယွန်းမြတ်သူကတော့လတ်တလောမှာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းအစားဆုံး သီချင်းရဲ့ပိုင်ရှင်လို့ဆိုရမှာပါ။ ပထမCovidကာလမှာလည်း သူမရဲ့အဆင်ပြေမနေပါဘူးသီချင်းဟာ ပရိသတ်တွေအတွက် ရေပန်းစားခဲ့ပြီး အခုဒုတိယ Covidကာလမှာဆိုရင်လည်း သီချင်းမထွက်ခင်ကတည်းကသူမရဲ့ ”နင်လမ်းတွေ့ခဲ့ရင်”သီချင်းဟာ ပရိသတ်တွေပါးစပ်ဖျားနေရာယူထားခဲ့တဲ့သီချင်းဖြစ်ခဲ့တာပါ။

လက်တလောမှာလည်းအသစ်စက်စက်ထွက်ရှိထားတဲ့𝘽𝙍𝘼𝙄𝙉𝙇𝙀𝙎𝙎 Music Video လေးကလည်း ပရိသတ်ရင်ထဲကိုရောက်ရှိကာTikTokမှာလည်းလူအများကြိုက်နှစ်သက်ကာ ဆော့ကစားနေတာတွေ့ရပါတယ်။ လက်ရှိမှာလည်း” သိက္ခာ နဲ့ ရိက္ခာ ” music videoလေး ထွက်ရှိထားပါသေးတယ်။

ဒီနေ့မှာတော့”Finally 💯 Youtubeကပေးတဲ့ Creator Awardလေး အယွန်းရခဲ့ပီ ❤️အယွန်း Youtube Channel ကို Subscribe ပေးကြတဲ့ Subscribers တဦးတယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်❤️🙏🏻YouTube Channel ကို Management အကောင်းဆုံးလုပ်ပေးတဲ့ MHC YouTube Management Team ဒီ Creater Award လေးကိုအယွန်းလက်ထဲအမြန်ဆုံးရအောင်ကူညီပေးတဲ့ MHC Record Label & Entertainmentကိုလဲ အထူးကျေးဇူးတင်ပါတယ်❤️အယွန်းအများကြီးဆက်ကြိုးစားသွားပါဦးမယ် ပရိတ်သတ်တွေနဲ့ရင်ဘတ်ချင်းထပ်တူကျမယ့် သီချင်းကောင်းတွေအများကြီးကိုဆက်ဖန်တီးသီဆိုနေပါဦးမယ်❤️💯”ဆိုတဲ့စာလေးနဲ့သူမအတွက်သတင်းကောင်းလေးကိုမျှဝေခဲ့တာပါ။CeleGabarပရိသတ်တွေလည်းယွန်းမြတ်သူရဲ့အောင်မြင်မှုအတွက်ဂုဏ်ပြုစကားဆိုခဲ့ပါဦးနော်။

Koe-CeleGabar
Source- Yoon Myat Thu
ZawgyiFontဖြင့်ဖတ်ရန်





Koe-CeleGabar
Source- Yoon Myat Thu

Check Also

” ရရှိခဲ့အလှူငွေ (၁၅) သိန်းကျပ်ကို ဒဂုံ ဆိပ်ကမ်းဘက်မှ သက်ကြီးဘိုးဘွား (၁၅၀) စာအတွက် လိုအပ်တာများ အသုံးပြုရန် အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ခိုင်နှင်းဝေ”

CeleGabarပရိသတ်ကြီးရေ အခုလိုချိန် စားဝတ်နေရေးသာမက အဘက်ဘက်ကခက်ခဲနေတဲ့ကာလမှာ ဆေးကုသဖို့ ခက်ခဲနေတဲ့သူတွေလည်းများစွာရှိနေကြတာပါ။ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေကတော့ အလှူရှင်တွေဆီကရသမျှကို နေရာပေါင်းစုံကိုမျှတအောင်လိုက်လံလှူဒါန်းပေးလျက်ရှိတာပါ။ ဒီနေ့မှာလည်း” ဒဂုံ ဆိပ်ကမ်းဘက်မှ သက်ကြီးဘိုးဘွား (၁၅၀) စာအတွက် လိုအပ်တာများ …

x