CeleGabar ပရိတ်သတ်ကြီးရေ သဇင်ထူးမြင့် ကတော့ (၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့တဲ့အပြင် သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် အမျိုးသားပရိသတ်တွေ ပိုပြီး အချစ်ပိုစေခဲ့တာပါ။
အမျိုးသားထုကြီးရဲ့အားပေးကြမ်းချက်ကြီးကတော့ ခင်လှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတောင် ယောက္ခမကြီးလို့ အခေါ်ခံရလောက်တဲ့ထိပါပဲနော်။ ရွှေကြိုကနေစတင်ပြီးအနုပညာလောကထဲကိုစတင်ဝင်ရောက်လာပြီး ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးတဲ့ထိ နေရာတစ်ခုထိရောက်ရှိနေခဲ့တာပါ။
ဒီနေ့မှာတော့”စိတ်အေးချမ်းရတဲ့ နေရာလေး🤍အလုပ်နားရက်ဆို အခန်းထဲအခန်းပြင်မထွက်သူ😄”ဆိုတဲ့စာလေးနဲ့ အနေအေးလွန်းတဲ့သဲကတော့ သူမရဲ့life styleလေးကိုပြောပြကာ ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ကိုယ်ပိုင်အခန်းလေးကို ချပြလာခဲ့တာပါ။ လူလေးလည်းချစ်စရာကောင်းသလိုအခန်းဘေးကလည်းနေချင်စရာကောင်းပြီး ချစ်စရာကောင်းနေတာကတော့အမှန်ပါပဲCeleGabarပရိသတ်ကြီးရေ။
Koe- CeleGabar
Source-Thazin Htoo Myint
ZawgyiFont ဖြင့်ဖတ်ရန်
” နေချင်စရာကောင်းပြီး စိတ်ကြည်လင်မှုရရှိစေတဲ့ ချစ်စရာကောင်းတဲ့သူမအခန်းလေးကို ပြသလာတဲ့ သဇင်ထူးမြင့်”
Koe- CeleGabar