မြန်မာနိုင်ငံမှာတော့ International Model တွေအလားအမိုက်စား မော်ဒယ်လ်၊သရုပ်ဆောင်တွေလည်းရှိနေပြီး အဲ့ဒီအထဲမှာတော့ ခါရာလည်း အပါအဝင်ပါ။ ဘော်ဒီအမိုက်စားအရပ်မြင့်မြင့်နဲ့ မင်းသားချောခါရာကတော့ အမိုက်စားပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေလိုက်ပြန်ပါပြီ။
ဒီတစ်ခါတော့ ရန်ကုန်မြို့ရဲ့ အထင်ကရ ကိုလိုနီအဆောက်အဦးတွေကြားမှာ ဖက်ရှင်ကျကျ မိမိုက်နေတဲ့ မော်ဒယ်လ်သရုပ်ဆောင် ခါရာရဲ့ ပုံရိပ်တွေကို တစ်စုတစ်စည်းတည်း မြင်ရမှာပါ။ ဒီဓာတ်ပုံတွေကို Man About Town by Khar Ra ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မြို့ပြရန်ကုန်ရဲ့ လမ်းမထက်က လူငယ်တစ်ယောက်ရဲ့ လှုပ်ရှားမှုတွေနဲ့ လွတ်လပ်စွာတွေးခေါ်ဖြတ်သန်းမှုကို အပြည့်အဝဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒီ Photo shoot လေးကိုတော့ မော်ဒယ်လ်ခါရာနဲ့ အတူ Photographer Thi Ha (Kaw Ki)၊ Makeup Ah La၊ Outfit အတွက် Scott & Co. မှ ပါဝင်စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
ခါရာကတော့ လက်ရှိမှာ MNTV ရုပ်သံလိုင်းမှာ အပတ်စဉ် အင်္ဂါနေ့မှ သောကြာနေ့အထိ ထုတ်လွှင့်လျက်ရှိတဲ့ ရင်ခုန်သံ (၇၄) ရက် ဇာတ်လမ်းတွဲမှာလည်း မိုးနတ်သားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်များရဲ့ အားပေးချစ်ခင်မှုများကို ရရှိနေသူလည်းဖြစ်ပါတယ်။ မင်းသားချောခါရာရဲ့အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…
Source : KharRa