Joox မှာ နံပါတ်(၁)နေရာကို သိမ်းပိုက်လိုက်တဲ့ ဖြူဖြူကျော်သိန်းရဲ့ “ထွက်သွားပါတော့” သီချင်းလေး

Posted on

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ “ထွက်သွားပါတော့” သီချင်းလေးကတော့ ဒီတစ်ပတ်ရဲ့ Joox မှာ ပရိသတ်နားဆင်မှုအများဆုံးနဲ့ နံပါတ် (၁)နေရာကို သိမ်းပိုက်ထားပါတယ်။ ဖြူဖြူရဲ့ သီချင်းလေးကတော့ အသဲကွဲသီချင်းအမျိုးအစားလေးဖြစ်ပြီး အသည်းကွဲနေတဲ့ ပရိတ်တွေအတွက် Feel လို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

ဖြူဖြူကလည်း အခုလို သီချင်းလေး နံပါတ်(၁)နေရာကို ရောက်အောင်အားပေးကြတဲ့ ပရိသတ်တွေကို ” Top 1 နေရာရအောင်အားပေးကြတဲ့ပရိသတ်တွေကိုရော၊ မအားတဲ့ကြားကတကူးတကကြိုးစားပေးကြတဲ့ streamers ကြီးတွေကိုရောကျေးဇူးအများကြီးအများကြီးတင်ပါတယ်ရှင့်”လို့ ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ ဖော်ပြထားပါသေးတယ်။

ဖြူဖြူက နောက်ထပ်သီချင်းအသစ်လေးတွေလည်းထပ်မံထွက်ရှိလာဖို့ရှိသေးတာကြောင့် အခု “ထွက်သွားပါတော့” သီချင်းလေးကိုအားပေးသလို ထွက်ရှိလာရင်အားပေးကြပါဦးလို့လည်း တောင်းဆိုထားပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေထဲမှာ ဖြူဖြူရဲ့ အမာခံပရိသတ်တွေရှိကြလား။

Chilli – CeleGabar
Source – Phyu Phyu Kyaw Thein , Joox Myanmar