အခုအချိန်မှာတော့ ကိုဗစ်အတွက် ကိုယ်တိုင်ရေးဆွဲထားတဲ့ပန်းချီကားချပ်တွေကို အနုပညာရှင်တော်တော်များများကလှူဒါန်းခဲ့ကြတာပါ။ ဝယ်ယူအားပေးသူတွေရှိခဲ့ကြပြီး ရရှိခဲ့တဲ့ငွေတွေဟာလည်း ကိုဗစ်အတွက်လိုအပ်တဲ့နေရာမှာ လှူဒါန်းခဲ့တာပါ။ အခုလည်း ပရိသတ်တွေစိတ်ဝင်စားမယ့် ပန်းချီကား(၂)ချပ်ရှိနေပါတယ်။
အဲ့ဒါကတော့ သရုပ်ဆောင်ရဲတိုက်ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေပါ။ ဒီပန်းချီကားတွေရဲ့နာမည်ကတော့ “ သခင့်မျက်လုံး “ “ သူ့သန္ဓေ “ လို့ အမည်ပေးထားတာပါ။ ရဲတိုက်ကိုယ်တိုင်ရေးဆွဲထားတဲ့ လက်ရာကောင်းတွေကိုတော့ အကြမ်းဖျင်းလေလံဈေး (၃) သိန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ လေလံပိတ်ရက် ကတော့ နိုဝင်ဘာ ( ၆) ရက်နေ့ နံနက် (၁၁)နာရီဖြစ်ပါတယ်။
ရဲတိုက်ကတော့ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ အနုပညာအရည်အချင်းအပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ပရိသတ်တွေချစ်တဲ့ရဲတိုက်ကတော့ သူ့ရဲ့ပန်းချီကားတွေကိုလှူဒါန်းပြီး ကုသိုလ်ယူဦးမှာဖြစ်ပါတယ်နော်..
Source : WaiMinnMaung,YeDeight