“သံစူးထားတဲ့ဒဏ်ရာကြောင့်အနာရင်းကာကိုက်ခဲနေပေမယ့် အသက်၉၀ကျော်မိခင်အိုကြီးကို ပြုစုစောင့်ရှောက်နေရတာကြောင့် ဆေးခန်းမပြနိုင်ဘဲ သွားတိုက်ဆေးလိုက်ရောင်းနေရတဲ့လူရွှင်တော်ကြီးကို ငွေကျပ်၁သိန်းကူညီခဲ့တဲ့လူရွှင်တော်မိုးစက်”

Posted on

CeleGabarပရိသတ်ကြီးရေ ဒီနေ့မှာတော့ လူရွှင်တော်မိုးစက်ဟာသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မွန်မြတ်တဲ့လှူဒါန်းမှုတစ်ခုအကြောင်းကို ပရိသတ်တွေကို ဝေမျှခဲ့တာပါ။ “အသက် (၉၀) ကျော် အမေအိုကြီးကိုရှာကျွေးနေတာပါ သားရယ်..ဘဘ ခြေထောက်အမြန်သက်သာမှရမယ်…”သံစူးထားတဲ့အပြင် ဆီးချိုလဲရှိနေတော့ခြေထောက်က ယောင်ကိုင်းပြီးယင်ကောင်တွေ တဝီဝီ နဲ့ မြင်ရတွေ့ရတာတကယ်စိတ်မချမ်းသာစရာပါဗျာ…။

အသက်(၇၀) အရွယ် ဦးလှမိုး ကအသက် (၉၀) ကျော် အမေအိုကြီး ကိုယနေ့အချိန်အထိ ရှာဖွေကျွေးမွေးနေတာပါ။”ဘဘ ဒီသွားတိုက်ဆေးရောင်းတာကြာပြီလားဗျ..””ဘဘ က လူရွှင်တော်ကြီးပါ ဟိုး..အရင်ကတည်းက ပွဲနားတာနဲ့ဈေးထွက်ရောင်းပါတယ်..ဘဘရယ်… ခြေထောက်ကလဲ ယောင်ကိုင်းလို့ ၊ ဆေးခန်းလဲ ဘာလေးမပြဘူးလား”ဈေးကလဲ သိပ်မရောင်းရဘူး သား…ဆေးခန်းပြဖို့လဲ သိပ်အဆင်မပြေသလိုအမေ့ကိုလဲ ပြုစုရသေးတယ်…”ဘဘ က ပြောနေရင်းနဲ့တောင်ခြေထောက်ကိုက်လို့ထင်ပါရဲ့ အသားတွေ တုန်နေတာ…။😢

“ဟုတ် ဘဘ ၊ ဘဝတူ လူရွှင်တော်တွေမို့ဒီလို အခက်အခဲဖြစ်နေတာ စိတ်မကောင်းပါဘူးဗျာ…
ဘဘ ဆီက သားမဝယ်ပါဘူး ၊ဘဘ ရဲ့ မိခင်အပေါ်ထားတဲ့ စိတ်ဓာတ်ကိုလေးစားလို့ #၁သိန်းကျပ် ကန်တော့ပါတယ်…””ကျေးဇူးတင်ပါတယ် ငါ့သားရယ်….ဘဘ ဒီညနေ ဆေးခန်းသွားပြလိုက်မယ်နော်…”ပြောရင်းဆိုရင်း မျက်ရည်တွေဖြိုင်ဖြိုင်ကျလာတဲ့ဘဘ ကိုမြင်ရတာ ၊လှူဒါန်းခဲ့ရလို့ ပီတိဖြစ်သလို ၊ဒုက္ခတွေရင်ဆိုင်နေရတဲ့ ဘဝကလဲအမြန်လွတ်ကင်းပါစေလို့ ဆုတောင်းမိပါတယ်။
ဘဘ ဦးလှမိုး ဟာတောင်ဒဂုံ (၅၆) ဈေး ၊ ၁၉ ဈေး ၊ ၂၀ ဈေး နဲ့ဂိတ်ဟောင်း ဈေး တို့မှာ လှည့်လည်ရောင်းချတယ်လို့ သိရပါတယ် ဗျ ။ဘဘရဲ့ အခက်အခဲကို လာရောက်တင်ပြပေးတဲ့ညီမလေးကိုလဲ ဒီနေရာကနေကျေးဇူးတင်စကားပြောလိုပါတယ်။ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းကြသူများလဲကျေးဇူးအထူးတင်လျက်ပါခင်ဗျာ။”ဆိုတဲ့စာလေးနဲ့ ဘဝတူလူရွှင်တော်ကြီးရဲ့အခက်အခဲတွေကိုနိုင်သလောက်ကူညီခဲ့တာပဲ ဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ အရွယ်ငယ်ပေမယ့် စိတ်ထားလေးရင့်ကျက်ကာ သူတစ်ပါးကိုကူညီတတ်တဲ့ မိုးစက်ရဲ့အလှူလေးအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

Koe-CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်

“သံစူးထားတဲ့ဒဏ္ရာေၾကာင့္အနာရင္းကာကိုက္ခဲေနေပမယ့္ အသက္၉၀ေက်ာ္မိခင္အိုႀကီးကို ျပဳစုေစာင့္ေရွာက္ေနရတာေၾကာင့္ ေဆးခန္းမျပႏိုင္ဘဲ သြားတိုက္ေဆးလိုက္ေရာင္းေနရတဲ့လူ႐ႊင္ေတာ္ႀကီးကို ေငြက်ပ္၁သိန္းကူညီခဲ့တဲ့လူ႐ႊင္ေတာ္မိုးစက္”

 

 

CeleGabarပရိသတ္ႀကီးေရ ဒီေန႔မွာေတာ့ လူ႐ႊင္ေတာ္မိုးစက္ဟာသူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ မြန္ျမတ္တဲ့လႉဒါန္းမႈတစ္ခုအေၾကာင္းကို ပရိသတ္ေတြကို ေဝမွ်ခဲ့တာပါ။ “အသက္ (၉၀) ေက်ာ္ အေမအိုႀကီးကိုရွာေကြၽးေနတာပါ သားရယ္..ဘဘ ေျခေထာက္အျမန္သက္သာမွရမယ္…”သံစူးထားတဲ့အျပင္ ဆီးခ်ိဳလဲရွိေနေတာ့ေျခေထာက္က ေယာင္ကိုင္းၿပီးယင္ေကာင္ေတြ တဝီဝီ နဲ႔ ျမင္ရေတြ႕ရတာတကယ္စိတ္မခ်မ္းသာစရာပါဗ်ာ…။

အသက္(၇၀) အ႐ြယ္ ဦးလွမိုး ကအသက္ (၉၀) ေက်ာ္ အေမအိုႀကီး ကိုယေန႔အခ်ိန္အထိ ရွာေဖြေကြၽးေမြးေနတာပါ။”ဘဘ ဒီသြားတိုက္ေဆးေရာင္းတာၾကာၿပီလားဗ်..””ဘဘ က လူ႐ႊင္ေတာ္ႀကီးပါ ဟိုး..အရင္ကတည္းက ပြဲနားတာနဲ႔ေဈးထြက္ေရာင္းပါတယ္..ဘဘရယ္… ေျခေထာက္ကလဲ ေယာင္ကိုင္းလို႔ ၊ ေဆးခန္းလဲ ဘာေလးမျပဘူးလား”ေဈးကလဲ သိပ္မေရာင္းရဘူး သား…ေဆးခန္းျပဖို႔လဲ သိပ္အဆင္မေျပသလိုအေမ့ကိုလဲ ျပဳစုရေသးတယ္…”ဘဘ က ေျပာေနရင္းနဲ႔ေတာင္ေျခေထာက္ကိုက္လို႔ထင္ပါရဲ႕ အသားေတြ တုန္ေနတာ…။😢

“ဟုတ္ ဘဘ ၊ ဘဝတူ လူ႐ႊင္ေတာ္ေတြမို႔ဒီလို အခက္အခဲျဖစ္ေနတာ စိတ္မေကာင္းပါဘူးဗ်ာ…ဘဘ ဆီက သားမဝယ္ပါဘူး ၊ဘဘ ရဲ႕ မိခင္အေပၚထားတဲ့ စိတ္ဓာတ္ကိုေလးစားလို႔ #၁သိန္းက်ပ္ ကန္ေတာ့ပါတယ္…””ေက်းဇူးတင္ပါတယ္ ငါ့သားရယ္….ဘဘ ဒီညေန ေဆးခန္းသြားျပလိုက္မယ္ေနာ္…”ေျပာရင္းဆိုရင္း မ်က္ရည္ေတြၿဖိဳင္ၿဖိဳင္က်လာတဲ့ဘဘ ကိုျမင္ရတာ ၊လႉဒါန္းခဲ့ရလို႔ ပီတိျဖစ္သလို ၊ဒုကၡေတြရင္ဆိုင္ေနရတဲ့ ဘဝကလဲအျမန္လြတ္ကင္းပါေစလို႔ ဆုေတာင္းမိပါတယ္။ဘဘ ဦးလွမိုး ဟာေတာင္ဒဂုံ (၅၆) ေဈး ၊ ၁၉ ေဈး ၊ ၂၀ ေဈး နဲ႔ဂိတ္ေဟာင္း ေဈး တို႔မွာ လွည့္လည္ေရာင္းခ်တယ္လို႔ သိရပါတယ္ ဗ် ။ဘဘရဲ႕ အခက္အခဲကို လာေရာက္တင္ျပေပးတဲ့ညီမေလးကိုလဲ ဒီေနရာကေနေက်းဇူးတင္စကားေျပာလိုပါတယ္။ကြၽန္ေတာ္နဲ႔အတူ ပါဝင္လႉဒါန္းၾကသူမ်ားလဲေက်းဇူးအထူးတင္လ်က္ပါခင္ဗ်ာ။”ဆိုတဲ့စာေလးနဲ႔ ဘဝတူလူ႐ႊင္ေတာ္ႀကီးရဲ႕အခက္အခဲေတြကိုႏိုင္သေလာက္ကူညီခဲ့တာပဲ ျဖစ္ပါတယ္။CeleGabarပရိသတ္ႀကီးေရ အ႐ြယ္ငယ္ေပမယ့္ စိတ္ထားေလးရင့္က်က္ကာ သူတစ္ပါးကိုကူညီတတ္တဲ့ မိုးစက္ရဲ႕အလႉေလးအတြက္သာဓုေခၚခဲ့ပါဦးေနာ္။

Koe-CeleGabar
Source- MoeSat