မဟာပဏီတ ပရဟိတအောင်တော်မူ စေတီတော်အတွက် ဌာပနာပစ္စည်းတွေသွားရောက်လှူဒါန်းခဲ့တဲ့ ခင်ပိုးပန်းချီ

ခင်ပိုးပန်းချီကတော့ အသံချိုချိုအေးအေလေးနဲ့ ဓမ္မတေးတွေကို သီဆိုပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် အဆိုတော်မလေး ခင်ပိုးပန်းချီကတော့ ဒီနေ့ ဇူလိုင်လ (၈)ရက်နေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့တဲ့အကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။

အလှူလေးကတော့ ပြည်မြို့အနောက်ဘက်ကမ်း ရွှေဘုံသာမုနိဘုရားအနီးရှိ ပရဟိတတောင်တော်ပေါ်တွင် ဦးကျော်သူ နာရေးကူညီမှုအသင်း (ရန်ကုန်)ဦးစီပြီး (၇)ရက်သားသမီးကောင်းမှုနဲ့ တည်ထားကိုကွယ်နေတဲ့ မဟာပဏီတ ပရဟိတအောင်တော်မူ စေတီတော်မှာ ဌာပနာအတွက် စိန်လော့ကတ်သီး၊ စိန်နားကပ်၊ ပုလဲလက်စွပ်၊ ပုလဲပုတီး၊ ကျောက်စိမ်းပုတီး တို့ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ခင်ပိုးပန်ချီကတော့ အခုလိုသွားရောက်လှူဒါန်းခဲ့တဲ့ အကြောင်းကို သူ့ရဲ့ပရိသတ်တွေ ထပ်တူကုသိုလ်အမျှရစေဖို့ ရည်ရွယ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ခင်ပိုးပန်းချီရဲ့ အလှူလေးကို သာဓုခေါ်ဆိုလို့ရအောင် ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Khin Poe Panchi

Check Also

Covid-19 လူနာတွေအတွက် ဧရာဝတီစင်တာမှာ လှူဒါန်းမှုတွေပြုခဲ့တဲ့ ဂျွန်လွင်

ဂျွန်လွင်ကတော့ အနုပညာလောကမှာ ဂုဏ်သတင်းကောင်းတွေနဲ့ရပ်တည်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ အနုပညာကြယ်ပွင့်တွေကိုမွေးထုတ်ပေးနေတဲ့ Stars & Models အေဂျင်စီရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်ပြီး လူချစ်လူခင်များတဲ့သူတစ်ယောက်ပါ။ အောင်မြင်နေသလို အလှူဒါနတွေလည်း မပြတ်လုပ်နေတဲ့ လေးစားစရာလူတစ်ယောက်လည်း …

x