မင်းသွေးခန့်ကိုစတင်သတိထားမိခဲ့တဲ့အချိန်ကတည်းက အနုပညာအရည်အသွေးတွေအများကြီးရှိတဲ့သူလို့ထင်ခဲ့တယ်ဆိုတဲ့ Ar-T

Posted on

Ar-T ကိုတော့ မြူးကြွတဲ့တေးသီချင်းကောင်းတွေနဲ့အတူ ဆန်းသစ်တဲ့ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်တွေသတိထားမိကြတာပါ။ Ar-T ကတော့ Silent ဆိုတဲ့သီချင်းတစ်ပုဒ်ကို ထူးခြားတဲ့ပုံစံနဲ့ဖန်တီးခဲ့ပြီး လူငယ်ပရိသတ်တွေကြား အတော်လေးရေပန်းစားခဲ့တာပါ။ ဒီသီချင်းထဲကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသွေးခန့်နဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း သူကပရိသတ်တွေကို မျှဝေလာခဲ့တာပါ။ 


မင်းသွေးခန့်ကတော့ အခုနောက်ပိုင်းမှာ မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်ဖြစ်လာတဲ့မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်ပါ။ Ar-T ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မင်းသွေးခန့်နဲ့စတင်တွေ့ဖြစ်ခဲ့တဲ့အကြောင်းကို “သူ့ကိုစတွေ့တာက TV ဖန်သားပြင်ထက်က ပြိုင်ပွဲတစ်ခုမှာပါ ။ ပြိုင်ပွဲကနေ နှုတ်ထွက်ရတဲ့ Episode ကိုကြည့်ဖြစ်ပါတယ်။ ထွက်ရတဲ့အတွက်လဲ ကျနော့်အတွက်က ထူးဆန်းတယ် မှားတယ်လို့မထင်ခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ မင်းသွေးခန့် Ready မဖြစ်သေးလို့ပါ ။ physically ရော Mentally ရော နောက်ပြီး အစစအရာရာ Ready မဖြစ်သေးဘူးလို့မြင်မိပါတယ် ။ ဒါပေမယ့် မင်းသွေးခန့်ဆီမှာ လူတွေမမြင်သေးတဲ့ အနုပညာအရည်အသွေးတွေအများကြီး ရှိနေသေးတယ်လို့ထင်မိခဲ့တယ်” ဆိုပြီးတော့ ရေးသားထားတာပါ။

လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ မင်းသွေးခန့်ကတော့ သူ့ရဲ့သွားတက်လေးကြောင့် ယုံကြည်မှုနည်းခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ အခုတော့လည်း နာမည်ကျေ်ာပရိသတ်အချစ်တော်တစ်ယောက်အဖြစ်အောင်မြင်နေပါပြီ။ သိပ်မကြာခင်မှာပရိသတ်တွေရှေ့ရောက်လာမယ့် Ar-T ရဲ့သီချင်းလေးမှာ မင်းသွေးခန့်လည်း ပါဝင်ထားသေးတာကြောင့် စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေနော်..


Source :Ar-T