ချစ်ဇနီးလေးဆီကချီးကျူးစကားကိုလိုချင်ခဲ့ပေမယ့် စိတ်ကောက်ခံလိုက်ရတဲ့ ဒါရိုက်တာဏကြီး

ပိုင်ဖြိုးသုကတော့ လက်ရှိအချိန်မှာအောင်မြင်ကျော်ကြားနေတဲ့မြန်မာမင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကို ရရှိထားတာပါ။ သုသုကတော့ ဒါရိုက်တာဏကြီးနဲ့လက်ထပ်ထားတာဖြစ်ပြီး သူတို့နှစ်ဦးကတော့ ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲလေးလည်း ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ကြင်နာကြတဲ့သူတို့နှစ်ဦးကို ပရိသတ်တွေကအားကျနေကြတာဖြစ်ပြီး ဒီနေ့မှာတော့ သုသုတစ်ယောက် အပြန်အလှန်စိတ်ကောက်နေတဲ့အကြောင်းကို ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။ သုသုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ရှိတယ်….ရှိတယ်…..လင်မယားအရင်းခေါက်ခေါက်ကြီးအချင်းချင်း သူ့ကို Congratulationsမလုပ်လို့ရွှေစိတ်တော်ညိုတဲ့ ဦးဘုဂလန့်ဂွစာသောင်းသောင်းကြီးတစ်ယောက်ရှိတယ်….ရည်းစားဘဝ ကတည်းကဒီကပေါက်ကျော်မက “ကိုကို…ခေးကလေ အဟင့်အဟင့်”တွေလုပ်ပြီးမချွဲတတ်တာသိရက်နဲ့သူပဲယူထားပြီး အခုမှ” Congratulations Babyyyyyy….. I’m sooooo proud of u အဟင့်အဟင့်” လို့ပြောပါ့မလားဦးဏကြီးစိတ်ပုပ်ကြီးရဲ့….မသိဘူး….ရှင်ကောက်တာထက်ကျွန်မက၁၀ဆပြန်ကောက်တယ်….အဲဒါရှင်ပြန်ချော့….ဒါဘဲ…..ဂွပ်” ဆိုပြီးတော့ ရေးသားထားတာပါ။

သုသုရဲ့ချစ်စရာအပြောလေးတွေကြောင့် ပရိသတ်တွေကသဘောကျနေရသလို ဒါရိုက်တာကြီးတစ်ယောက်လည်း ကလေးဆိုးလေးသုသုကို စိတ်မကောက်ရဘဲစိတ်ဆိုးပြေရတော့မှာအမှန်ပါပဲ။ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ပြသဖို့ ရွေးချယ်ခံထားရတာဖြစ်ပြီး ဒါရိုက်တာကြီးကတော့ ချစ်ဇနီးလေးဆီက Congratulations လုပ်တာမခံရဘဲ စိတ်ကောက်ခံရတော့မယ့်ပုံပါပဲ။

Source:PaingPhyoThu

Check Also

Covid-19 လူနာတွေအတွက် ဧရာဝတီစင်တာမှာ လှူဒါန်းမှုတွေပြုခဲ့တဲ့ ဂျွန်လွင်

ဂျွန်လွင်ကတော့ အနုပညာလောကမှာ ဂုဏ်သတင်းကောင်းတွေနဲ့ရပ်တည်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ အနုပညာကြယ်ပွင့်တွေကိုမွေးထုတ်ပေးနေတဲ့ Stars & Models အေဂျင်စီရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်ပြီး လူချစ်လူခင်များတဲ့သူတစ်ယောက်ပါ။ အောင်မြင်နေသလို အလှူဒါနတွေလည်း မပြတ်လုပ်နေတဲ့ လေးစားစရာလူတစ်ယောက်လည်း …

x