Covid-19 လူနာတွေအတွက် ဧရာဝတီစင်တာမှာ လှူဒါန်းမှုတွေပြုခဲ့တဲ့ ဂျွန်လွင်

ဂျွန်လွင်ကတော့ အနုပညာလောကမှာ ဂုဏ်သတင်းကောင်းတွေနဲ့ရပ်တည်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ အနုပညာကြယ်ပွင့်တွေကိုမွေးထုတ်ပေးနေတဲ့ Stars & Models အေဂျင်စီရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်ပြီး လူချစ်လူခင်များတဲ့သူတစ်ယောက်ပါ။ အောင်မြင်နေသလို အလှူဒါနတွေလည်း မပြတ်လုပ်နေတဲ့ လေးစားစရာလူတစ်ယောက်လည်း ဖြစ်ပါတယ်။


လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နေရတာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteerတွေက အင်တိုက်အားတိုက်ကြိုးစားနေသလို လူနာတွေအတွက်လည်း ထောက်ပံ့မှုတွေလိုအပ်လျက်ရှိပါတယ်။ ဒီလိုအချိန်မှာ ဂျွန်လွင်ကတော့ တတ်နိုင်တဲ့ဘက်ကနေပြီး လှူဒါန်းမှုတွေ ပြလုပ်ခဲ့ပြန်တာဖြစ်ပါတယ်။ သူကတော့ COVID-19 လူနာတွေအတွက် COVID-19 ယာယီ ကုသရေးဌာန (ဧရာဝတီ စင်တာ) မှာ Oxymeter 100 ကို သွားရောက်လှူဒါန်းခဲ့ပါတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဧရာဝတီ COVID စင်တာ ရဲ့ Founder ဦးဇော်‌ဇော်ကိုယ်တိုင်ကပဲ လက်ခံပေးခဲ့ပါတယ်၊၊


အဲ့ဒီလိုလှူဒါန်းခွင့်ရတဲ့အတွက်လည်း “COVID-19 အတွက် အခုလိုမျိုး COVID-19 ယာယီ ကုသရေးဌာန” (ဧရာဝတီ စင်တာ)မှာ ပါဝင် လှူဒါန်းခွင့်ရတဲ့အတွက် ဦးဇော်ဇော်‌ကိုလည်းကျေးဇူးအထူးတင်ပါတယ် .. လူတွေရဲ့ လိုအပ်ချက်တွေကို အမြဲတမ်း ဖြည့်ဆည်းပေးနေတဲ့ ဦးဇော်ဇော်‌လည်း ဒီနေရာကနေပဲ ဂုဏ်ပြုလိုက်ပါတယ်” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါသေးတယ်။ အခုလိုလှူဒါန်းမှုတွေပြုတဲ့အတွက် ပရိသတ်တွေကလည်း ဝမ်းသာကြည်နူးမှုတွေကူးစက်နေတော့မှာအမှန်ပါပဲနော်..
Source : JohnLwin

Check Also

ချစ်ဇနီးလေးဆီကချီးကျူးစကားကိုလိုချင်ခဲ့ပေမယ့် စိတ်ကောက်ခံလိုက်ရတဲ့ ဒါရိုက်တာဏကြီး

ပိုင်ဖြိုးသုကတော့ လက်ရှိအချိန်မှာအောင်မြင်ကျော်ကြားနေတဲ့မြန်မာမင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကို ရရှိထားတာပါ။ သုသုကတော့ ဒါရိုက်တာဏကြီးနဲ့လက်ထပ်ထားတာဖြစ်ပြီး သူတို့နှစ်ဦးကတော့ ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲလေးလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ကြင်နာကြတဲ့သူတို့နှစ်ဦးကို ပရိသတ်တွေကအားကျနေကြတာဖြစ်ပြီး ဒီနေ့မှာတော့ သုသုတစ်ယောက် အပြန်အလှန်စိတ်ကောက်နေတဲ့အကြောင်းကို …

x