ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ချမ်းမြေ့မောင်ချိုရဲ့ PAST12နဲ့ Daniel Saw တို့နဲ့အတူ ဖန်တီးသီဆိုထားတဲ့ “အိမ်ပြန်ချိန်” ဆိုတဲ့ သီချင်းသစ်လေးကတော့ ဇွန်လ (၂၈)ရက်နေ့ဖြစ်တဲ့ မနေ့ကထွက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ ဒီ”အိမ်ပြန်ချိန်” သီချင်းလေးကတော့ အလွမ်းသီချင်းအေးအေးလေးပိုမှ သံစဉ်ဆန်းဆန်းလေးနဲ့ တီးခတ်ထားပါတယ်။
ချမ်းမြေ့မောင်ချိုကတော့ ပြီးခဲ့တဲ့ ဇွန်လ (၇)ရက်နေ့မှာ အဆိုတော် Ah Boy နဲ့ “အငွေ့အသက်များ” လို့ အမည်ရတဲ့ သီချင်းလေး တစ်ပုဒ်ထွက်ရှိထားခဲ့ပြီး ပရိသတ်တွေတစ်ခဲနက်အားပေးမှုကြာင့် ထွက်ရှိပြီး(၂)ပတ်အတွင်း JOOX မျာ နံပါတ်(၈) နေရာထိရောက်ရှိခဲ့ပါသေးတယ်။ လက်ရှိမှာတော့ သူရဲ့ PAST12နဲ့ Daniel Saw တို့နဲ့အတူ ဖန်တီးသီဆိုထားတဲ့ “အိမ်ပြန်ချိန်” ဆိုတဲ့ သီချင်းသစ်လေး ထွက်ရှိလာခဲ့ပါတယ်။ ဒီသီချင်းလေးရဲ့ Official Lyric Video လေးကိုတော့ “PAST12 x ChanMyae MgCho x Daniel Saw – Eain Pyan Chain (Official Lyric Video)” လို့ PAST12ရဲ့ Offical ပေ့ချ်မှာ တင်ထားပါတယ်။
CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် ချမ်းမြေ့မောင်ချို့ရဲ့ PAST12နဲ့ Daniel Saw တို့နဲ့အတူ ဖန်တီးသီဆိုထားတဲ့ “အိမ်ပြန်ချိန်” ဆိုတဲ့ အလွမ်းသီချင်းသစ်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။
Source: PAST12
DarDar-CeleGabar