ပရိသတ်ရဲ့အချစ်တော်မြတ်နိုးအေးရဲ့ မိသားစုဝင်တွေထဲမှာ ကိုဗစ်ပိုးတွေရှိတာကြောင့် ကျန်တဲ့မိသားစုဝင်တွေအကုန်လုံး Hotel Quarantine ဝင်နေရတာကိုတော့ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါနော်။ ဘေးချင်းကပ်နေထိုင်ကြတဲ့ မိသားစုနှစ်စုထဲက အဖိုး၊အမေ၊ တူမလေးနဲ့ ဝမ်းကွဲမောင်လေး လေးဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ကျန်တဲ့မိသားစုဝင်တွေကတော့ Hotel Quarrantine ဝင်ခဲ့ရတာဖြစ်ပါတယ်။
မနေ့ကတော့ ကျန်တဲ့မိသားစုဝင်တွေကို ကိုဗစ်ပိုးစစ်ဖို့ Swab Test လာယူသွားခဲ့ပြီဖြစ်ပြီး နောက်သုံးရက်နေရင် အဖြေသိရမှာ ဖြစ်ကြောင်း ပရိသတ်ကြီးကို မျှဝေခဲ့ပါတယ်။ မြတ်နိုးအေးကတော့ ဟိုတယ်မှာ Swab Test စစ်တဲ့အတွေ့အကြုံလေးကို ဗွီဒီယိုလေးနဲ့မျှဝေခဲ့တဲ့အပြင် သူတို့အားလုံးမှာ ကိုဗစ်ပိုးမတွေဖို့ ဆုတောင်းပေးကြဖို့လည်း ပရိသတ်ကြီးကို တောင်းဆိုခဲ့ပါတယ်။
ပရိသတ်ကြီးရေ ဘယ်သူကမှ ရောဂါပိုးကူးစက်ခံချင်ကြမှာမဟုတ်သလို မြတ်နိုးအေးတို့ မိသားစုကိုယ်တိုင်လည်း တစ်လကျော်လောက် အိမ်ထဲမှာပဲနေခဲ့ကြပေမယ့် ဘယ်က ဘယ်လိုကူးမှန်းစဉ်းစားလို့ မရနိုင်အောင် ဒီရောဂါပိုးရဲ့ခြိမ်းခြောက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ပိုးတွေ့ထားတဲ့ မိသားစုဝင်တွေလည်း အမြန်သက်သာကြဖို့ စစ်ဆေးထားတဲ့သူတွေအကုန်လုံးလည်း Negative ထွက်ဖို့ ပရိသတ်ကြီးရဲ့မေတ္တာနဲ့ ဝိုင်းပြီး ဆုတောင်းပေးခဲ့ကြပါဦးနော်။
Source – Myat Noe Aye
Rainbow- Cele Gabar