မနေ့ကထိ အကောင်းကြီးရှိနေခဲ့တဲ့အဖိုး ဆုံးပါးသွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာမျှဝေလာတဲ့ ဥက္ကာမင်းမောင်

Posted on

သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ လက်ရှိ နယူးယောက်မြို့မှာ နေထိုင်နေသူဖြစ်ပေမယ့် မြန်မာပြည်ကပရိသတ်တွေနဲ့အဆက်သွယ်မပြတ်ရအောင် သူ့ရဲ့တနေ့တာအကြောင်းအရာလေးတွေကို နေ့စဉ်နီးပါးမျှဝေပေးနေသူပါ။ မကြာသေးခင်ကမှ ခေတ်မှီတဲ့အဘိုးဖြစ်သူအကြောင်း ပရိသတ်တွေကို မျှဝေပေးခဲ့ပြီး ဒီနေ့မှာတော့ မနေ့ကထိအကောင်းကြီးရှိနေတဲ့ အဘိုး ဆုံးပါးသွားပြီဆိုတဲ့သတင်းလေးကို စိတ်မကောင်းစွာမျှဝေလာပါတယ်။

ချစ်လှစွာသော အဖိုး ဒီနေ့မနက်ကပဲ အေးချမ်းစွာ သူချစ်တဲ့မိသားစုကို နှုတ်ဆက်သွားခဲ့ပြီ.. မကြာခင်ကပဲ Facetime ခေါ်လို့ စကားတွေပြောရယ်မောနေခဲ့သော ကျွန်တော့် အဖိုး.. ငယ်ငယ်လေးကတည်းက ကိုယ်က မြေးဦးဆိုတော့ အဖိုးတို့ အဖွားတို့ လက်ထဲပဲ ကြီးပြင်းလာခဲ့တာ.. သူ့မြေးအကြောင်းကို သူ့သူငယ်ချင်းတွေနဲ့တွေ့တိုင်း အမြဲ ကြွားတတ်သော ကျွန်တော့်ရဲ့အဖိုး.. အသက် (၉၀) ကျော်အရွယ်အထိ အဖိုးရဲ့ဘဝတလျောက်လုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားခဲ့တယ်.. မနေ့ကထိလဲ အကောင်းကြီး.. ဒီနေ့မနက် အိပ်ယာထဲမှာပဲ ဘာဝေဒနာမှ နာနာကျင်ကျင်ခံစားရခြင်းမရှိပဲ အေးချမ်းစွာ ပြန်မလာနိုင်တော့တဲ့ခရီးရှည်ကြီးဆီကို ထာဝရထွက်ခွာသွားခဲ့ပြီ ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။

ထွက်သွားတဲ့သူတွေရဲ့ထုံးစံအတိုင်း ဘဝကိုအနိုင်နဲ့ ပိုင်းပြီး ထွက်သွားခဲ့ပေမယ့် ကျန်ခဲ့တဲ့ သူတွေကတော့ ဝမ်းနည်းပူဆွေးခြင်းများစွာနဲ့ ကျန်ခဲ့ရတဲ့သလို အမေငိုနေတာလည်း မကြည့်ရက် အဝေးကနေမို့ ဘာမှမလုပ်ပေးနိုင်တဲ့အပေါ် ရင်ထဲမကောင်းကြောင်း ရင်ထဲကခံစားချက်တွေကို မျှဝေလာပါတယ်။ ဥက္ကာမင်းမောင်ကတော့ သေဆုံးသွားတဲ့အဖိုးဖြစ်သူ ကောင်းရာသုဂတိလားဖို့ ဆုတောင်းမေတ္တာပို့ရင်း အဖိုးနဲ့အမှတ်တရလေးတွေကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။


Source – Okka MIn Maung
Rainbow- Cele Gabar