အဖေများနေ့မှာ ဖခင်အချစ်ပိုရအောင် အမှတ်တရစကားလေးဆိုလိုက်တဲ့ မိုးဟေကို

ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ (၂၁)ရက်နေ့လေးကတော့ အဖေများနေ့ကျရောက်တဲ့ နေ့ထူးနေ့မြတ်လေးပဲဖြစ်ပါတယ်။ဒီနေ့အဖေများနေ့မှာ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကလည်း သူ့ရဲ့ ဖခင်ဖြစ်သူအတွက် ဖခင်အချစ်ပိုရလောက်အောင် အဖေများနေ့အမှတ်တရစကားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။

“အဖေ.. မိသားစုတစ်စုလုံးရဲ့ ဦးဆောင်သူ၊ ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူ အဖေ..ဒီနေ့ဒီအချိန်အထိ မမောမပန်းမငြိုမငြင်ဘဲ လုပ်ကျွေးတာဝန်ကျေခဲ့သူ အဖေ…မိသားစုနဲ့အတူ အဆိုးအကောင်းတွေကို မျှဝေရင်ဆိုင်ခွန်အားပေးရင်း၊ အနားမှာ ကျန်းမာစွာရှိနေပေးတဲ့အတွက် ပြုစုစောင့်ရှောက်ခွင့်ပေးတဲ့အတွက် ပျော်ရွှင်ကြည်နူးမိပါတယ်။ မိဘဆိုတာ သားသမီးတွေအတွက်ဆို အမြဲအဖြည့်ခံသူတွေပါ။ သားသမီးတွေကို သူတို့ဘဝနဲ့ရင်းပြီး “ပိုး”မွေးသလို ပြုစုစောင့်ရှောက်ခဲ့သလို အမြင့်ဆုံးကိုပျံနိုင်အောင် တောင်ပံတပ်ပေးတဲ့ ပဲ့ကိုင်ရှင်တွေပါ။” ဆိုပြီး အဖေများနေ့အတွက် ဖခင်တွေအားလုံးရဲ့ ဂုဏ်ကျေးဇူးကိုလည်း ဖော်ညွှန်းထားခဲ့ပါသေးတယ်။

Celegabar ပရိသတ်ကြီးရေ မိုးဟေကိုက သူ့အတွက်တော့ အမေများနေ့ အဖေများနေ့ဆိုတာ သတ်မှတ်ထားတဲ့ရက်မှ အမေများနေကအဖေများနေ့မဟုတ်ပါဘူးတဲ့။ သူအမြဲ ဦးထိပ်ထားလေးစားရိုသေ တန်ဖိုးထားရတဲ့ မိဘနှစ်ပါးအတွက် သူ့ရဲ့နေ့စဉ်ဘဝ ဖြတ်သန်းမှု၊ ကြိုးစားမှုစတဲ့ အချိန်တိုင်းဟာ အဖေ့အတွက်နေ့တွေပါပဲတဲ့။

Chilli – Celegabar
Source – Moe Hay Ko

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x