ဝတ်မှုန်ရွှေရည်လို့ခေါ်တဲ့ မင်းသမီးလေးကတော့ ဘာဘီအရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့ လှပမှုလေးတွေနဲ့ မြင်လိုက်တိုင်းမှာ ရင်ခုန်အောင် လုပ်နိုင်သူပါပဲ ပရိသတ်ကြီးရေ ။ လတ်တလောမှာတော့ ခမ်းနားစွာလှပလွန်းတဲ့ သူမရဲ့အလှတွေနဲ့ ပရိသတ်တွေကို ထပ်မံဖမ်းစားလိုက်ပြန်ပါပြီနော် ။
ကြည်လင်အေးချမ်းပြီး ခမ်းနားတဲ့ မြန်မာသတို့သမီးဝတ်စုံလေးအဖြစ်Sweet & Smart Fashion Collection ဖန်တီးပုံဖော်ပေးခဲ့ပြီး မြန်မာထိုင်မသိမ်းရဲ့ ရေသီနား ၊ ရင်ခံ ၊အပေါ်ရုံ အားလုံကို အရင်မူအတိုင်း ဖန်တီးပေးထားပြီး ပုဝါမှာ အနည်းငယ် ဆန်းသစ်တီထွင်ခွဲထွက်ပေးထားတဲ့ မြန်မာ သတို့သမီး ဝတ်စုံလေးကို ချပြလာခဲ့ပါတယ် ။
သတို့သမီးဝတ်စုံ ကိုဗိုလ်ဆန်ဆန်လေး မြင်စေချင်တဲ့ idea လေးနဲ့ ချုပ်လုပ်ခဲ့ပြီး ပုဝါရဲ့ အထပ်အထပ်ကို ရွှေဘူးနွယ်၊ရွှေ crystal များအပြင် Ostic feather လေးတွေနဲ့ အလှဆင်ပေးထားတဲ့အပြင် ဝတ်မှုန်ရွှေရည် ဝတ်လိုက်တဲအခါမှာတော့ ဝတ်စုံရဲ့ ခမ်းနားလှပမှုနဲ့ သူမရဲ့ အလှတရားက စာဖွဲ့မမီနိုင်တော့ပါဘူး ပရိသတ်ကြီးရေ ..။
အရမ်းကိုလှပပြီး ကျက်သရေရှိလွန်းတဲ့အပြင် နန်းဆန်လွန်းတဲ့ သူမရဲ့အလှတရားကို ပရိသတ်တွေက တော့ အရမ်းကို သဘောကျနေကြတာပါ ။ ဝတ်စုံရောလူရော ပြောစရာမလိုအောင်လှနေတဲ့အကြောင်းကိုလည်း ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ် ။ ကစ်ရဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း အရမ်းလှတဲ့ သတို့သမီးလေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Sweet & Smart Fashion Collection
Emily (Cele Gabar)