(၁၇) နှစ်ပြည့်နှစ်ပတ်လည်နေ့လေးကိုကျင်းပခဲ့တဲ့ အာဇာနည်နဲ့ဝမ်းတို့ဇနီးမောင်နှံ

Posted on

ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့တေးသံရှင် အာဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံကတော့ နှစ်ပေါင်းများစွာ အကောင်းအဆိုးတွေ အတူကျော်ဖြတ်ခဲ့ပြီး သာယာတဲ့မိသားစုဘဝလေးကို ထုဆစ်ပုံဖော်ခဲ့ကြတဲ့အနုပညာရှင်တွေပါ ။ အခုချိန်မှာတော့ အောင်မြင်တဲ့ အနုပညာရှင်ဖြစ်လာတဲ့အပြင် ချစ်စရာ သားသားမီးမီးလေး သုံးယောက်နဲ့အတူ ပျော်စရာ သီရိဂေဟာလေးကိုလည်း ပိုင်ဆိုင်ခဲ့ပါပြီ ။

အောက်တိုဘာလ (၂၇) ရက်နေ့ကတော့ အာဇာနည်နဲ့ဝမ်းတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၇) နှစ်ပြည့်အမှတ်တရနေ့ရက်လေးပဲဖြစ်ပါတယ် ။ Happy 17th Anniversary မိန်းမ ရေ ချစ်ခြင်းမေတ္တာတွေအပြည့် နာလည်မှုတွေအပြည့် ကိုယ်ချင်းစာနာမှုတွေအပြည့် သာယာပျော်ရွှင်မှုတွေအပြည့်နဲ့ ဘဝခရီးကို ချစ်တဲ့ သားကြီး သားငယ် သမီးလေး တို့နဲ့ မိသားစုစုံစုံလင်လင် ကျန်းမာစွာနဲ့ရှေ့ဆက်ကြစို့ ဆိုတဲ့စာသားလေးနဲ့အတူ နှစ်ပတ်လည်နေ့အမှတ်တရလေးမှာ မိသားစုနဲ့ ပျော်ရွှင်စွာကျင်းပခဲ့ပုံလေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

နှစ်ပေါင်းများစွာ အခက်အခဲတွေ ကို ကျော်ဖြတ်ပြီး ရွှေလက်တွဲလာခဲ့တဲ့ အာဇာနည်တို့ ဇနီးမောင်နှံအတွက် ပရိသတ်တွေကလည်း ကြည်နူးဖွယ် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါသေးတယ် ။ အာဇာနည်တို့ဇနီးမောင်နှံ တို့လည်း နှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာထိ ချစ်ချစ်ခင်ခင်နဲ့ ပေါင်းဖက်သွားနိုင်ကြပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : R Zar Ni
Emily (Cele Gabar)