ကိုဗစ်ကြောင့်ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူအတွက်ရည်စူးကာ လှူဒါန်းမှုများစွာပြုလုပ်ခဲ့တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး

Posted on

လူငယ်ဒါရိုက်တာတွေထဲမှာ ပရိသတ်အားပေးအသိအမှတ်ပြုမှုများစွာရရှိထားသူတွေထဲမှာတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးလည်း အပါအဝင်ပါ။ သူကတော့ ည နဲ့ သူစိမ်းအိမ် စတဲ့ဇာတ်ကားကြီးတွေရိုက်ကူးထားပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့သူပါ။


ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ဖခင်ဖြစ်သူကတော့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရတာကြောင့် ဆုံးပါးသွားခဲ့ရတာပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူဆုံးပါးသွားခဲ့တဲ့တစ်လပြည့်နေ့မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး COVID-19 ကုသရေးလုပ်ငန်းတွေအတွက် အလှူငွေ (၅) သိန်း နဲ့
ဒလမြို့ အလယ်ကျောင်းပရိယတ္တိစာသင်တိုက်မှာ ဆွမ်းပဒေသာပင်အတွက် အလှူငွေ (၅) သိန်း ၊ သံဃာတော်တွေအတွက် ဆွမ်း၊ သင်္ကန်း နဲ့ လှူဖွယ်ပစ္စည်းတွေကိုလည်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။


ဒါရိုက်တာကြီးဟာ ထွက်ရှိခဲ့တဲ့ဇာတ်ကား(၂)ခုအနက် သူစိမ်းအိမ် ဇာတ်ကားဟာလည်း Asian Academy Creative Awards မှာ Region Winner အဖြစ် ဒါရိုက်တာဆုကိုလည်း ရရှိသလို Grand Final အတွက်လည်းဆန်ခါတင်စာရင်းဝင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း “Yangon In Love” ဇာတ်ကားကို ရိုက်ကူးနေဆဲဖြစ်ပြီး ရောဂါပိုးတွေကူးစက်ပျံ့နှံ့နေတာကြောင့် ရိုက်ကူးရေးတွေရပ်နားထားရတာပါ။ ဖခင်ဖြစ်သူလည်း အလှူတွေရဲ့အကျိုးကိုလည်းရရှိပြီး ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Source : HtooPaingZawOo