ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူမေမေမိုးယုစံကတော့ အိမ်ထောင်ကျပြီးချိန်မှာတောင် တစ်သားမွေးပြီး တစ်သွေးလှနေဆဲ သူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်း မိသားစုဘဝလေးကိုပဲ အချိန်ပေးပြီး တည်ဆောက်နေသူဖြစ်သလို ဒီနေ့မှာတော့ သားသားလေး Austin ကို ကိုယ်ဝန်မဆောင်ခင်အချိန်တုန်းက လုပ်ခဲ့ဖူးတဲ့ ဝါသနာလေးအကြောင်းလေးကို မျှဝေလာပါတယ်။
လွန်ခဲ့တဲ့ (၂၀၁၄-၂၀၁၅) ခုနှစ် သားသားလေးကို ကိုယ်ဝန်မဆောင်ခင်တုန်းက ပန်းချီဆွဲတာကို သေချာအာရုံစိုက် လေ့လာခဲ့ပြီး သားသားကိုယ်ဝန်ရကတည်းက မဆွဲဖြစ်တော့တာ ယနေ့အချိန်ထိပါပဲတဲ့ … ဒါ့အပြင် မိုးယုစံကတော့ သူဆွဲဖူးတဲ့ပန်းချီကားတွေထဲက အကြိုက်ဆုံးတစ်ခုကို မျှဝေခဲ့ပြီး အခုချိန်မှာ တစ်ခါတလေ ပြန်ဆွဲချင်ရင်တာင် ဘယ်ကဘယ်လိုပြန်စရမှန်းမသိတော့ဘူး ဒီပန်းချီကားလေးကို ယောကျာ်းကကြိုက်လို့ရောင်းပါဆိုတာတောင်မရောင်းဘူး ဆိုပြီး သူဆွဲဖူးတဲ့ထဲက အမြတ်နိုးဆုံးပန်းချီကားလေးကို မျှဝေခဲ့ပါတယ်။
ဒီပန်းချီကားလေးနဲ့ပတ်သက်ပြီးတော့လည်း အကျွမ်းကျင်ကြီးမဟုတ်ပေမယ့် လေ့လာရင်းဆွဲထားတာပါ ဘယ်လိုမြင်လဲ ကြိုက်ရဲ့လား ဆိုပြီးတော့လည်း ပရိသတ်ကြီးကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မိုးယုစံရဲ့နောက်ထပ်ဝါသနာတစ်ခုအနေနဲ့ ဆွဲဖူးခဲ့တဲ့ သူအကြိုက်ဆုံးပန်းချီကားလေးနဲ့ပတ်သက်ပြီး အမြင်လေးကို ပြောခဲ့ပါဦးနော်။
Source – Moe Yu San
Rainbow- Cele Gabar