ခွေးလေးတွေကိုချစ်တတ်သူတစ်ယောက်ဖြစ်ကြောင်းဆိုလာတဲ့ ပိုးကြာဖြူခင်

Posted on

မင်းသမီးချောပိုးကြာဖြူခင်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေသိကြမှာပါ။ သူ့ကိုတော့ ပရိသတ်တွေကဆိုင်းမိုင်လို့လည်း ချစ်စနိုးခေါ်ကြပါသေးတယ်။ လက်ရှိ MRTV-4 မှာပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာတော့ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။


ဆိုင်းမိုင်ကတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေသလို လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းလေ့ရှိသူပါ။ စိတ်ထားနူးညံ့တဲ့မင်းသမီးချောလေးကတော့ တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “တိလေးချစ်သူတစ်ယောက်ပါ” ဆိုပြီးတော့ ခွေးလေးကိုချီထားတဲ့ပုံရိပ်လေးနဲ့အတူ ဖော်ပြလာတာပါ။


တချို့တွေကတော့အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြပြီး သားသမီးတွေလိုဂရုစိုက်ကာကျွေးမွေးစောင့်ရှောက်ကြတာပါ။ ဆိုင်းမိုင်ကတော့ တိလေးချစ်သူတစ်ယောက်ဖြစ်ကြောင်းဆိုလာပါပြီ။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာ တိလေးတွေကိုချစ်တဲ့သူတွေရှိလားနော်…
Source : PoeKyarPhyuKhin