ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ မင်းသားချောလေး နှစ်ယောက်ဖြစ်တဲ့ ကျော်ထက်ဇော် နဲ့ ဘုန်းရှိန်ခန့် တို့နှစ်ယောက်ကတော့ ဆရာတွေလည်းဖြစ်သလို စီနီယာ သရုပ်ဆောင်တွေဖြစ်တဲ့ ဝါဝါအောင် နဲ့ ဦးအောင်ခိုင်တို့ ဇနီးမောင်နှံကို သီတင်းကျွတ်မှာသွားရောက် ဂါရဝပြုခဲ့ကြပါတယ် ။
မင်းသားချောလေး နှစ်ယောက်ရဲ့ လာရောက် ဂါဝရပြု ကန်တော့ခဲ့တဲ့ ပုံရိပ်တွေကို သရုပ်ဆောင် ဝါဝါအောင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။ သီတင်းကျွတ်မှာ လာကန်တော့ကြတဲ့ သားတွေကိုကျေးဇူးတင်ပါတယ် ကျန်းမာချမ်းသာပြီးကပ်ကြီး၃ပါး မှကျော်လွှားနိုင်ပါစေဆိုတဲ့ ဆုမွန်ကောင်းလေးတွေကိုလည်း ရေးသားထားပါသေးတယ် ။
မမျှော်လင့်ထားဘဲ လာရောက်ကန်တော့ခဲ့ကြတဲ့အတွက် သူမတို့ဇနီးမောင်နှံနှစ်ယောက် အရမ်းကိုကြည်နူးဝမ်းသာရတဲ့အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့ပါတယ် ။ မိဘဆရာတွေကို သိတတ်လွန်းတဲ့ မင်းသားချောလေးနှစ်ယောက်ရဲ့ သီတင်းကျွတ်ကန်တော့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Wah Wah Aung
Emily (Cele Gabar)