ပန်းလှိုင်အိမ်ရာ ရဲ့ Live Sale ကနေ သိန်း (၇)ထောင်ကျော်တန် အိမ်ရောင်းထွက်ခဲ့တဲ့ ထက်ထက်မိုးဦး

Posted on

အောက်တိုဘာ (၂၉) ရက်နေ့က ထက်ထက်မိုးဦး နဲ့ Yoma Land Group တို့ရဲ့ Pun Hlaing Housing တို့ပူးပေါင်းပြီး Live Sale နဲ့ရောင်းချခဲ့ရာ (၃) ဦး ဈေးဆိုင်နေပြီ ကြားလို့ အရမ်းကိုမှ ပြောမပြတတ်အောင် ပျော်ရွှင်ရတဲ့အကြောင်းကို ထက်ထက်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။

 

Live sale မှာဝတ်ဆင်ဖို့အတွက် စိန်နန်းတော်က ဆင်မြန်းပေးခဲ့တာဖြစ်ပြီး ဖိနပ်ကစလို့ ခေါင်းအစ ခြေအဆုံး လက်ဝတ်ရတနာ နဲ့ သဇင်ပန်းတွေ အထိ အသေးစိတ်စီစဉ်ပေးခဲ့တဲ့ ဒီဇိုင်နာမင်းသက်စံကိုလည်း ကိုလည်းကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ် ။ “စေတနာ သည်သာ ကံ” ဆိုတဲ့အတိုင်း Pun Hlaing Housing က Lotus Place ဆိုတဲ့ Live မှာ သူမ ဒုတိယပြတဲ့အိမ်ကို သိန်း (၇၂၅၀) နဲ့ စရံချသွားပြီလို့သိရတဲ့အတွက် အရမ်းကိုဝမ်းသာပျော်ရွှင်နေကြောင်း ထက်ထက်က ပရိသတ်တွေကို အသိပေးလာခဲ့တာပါ ။

ဒီသိန်း (၇)ထောင်ကျော်တန်အိမ်ကို မြိတ်ကနေ Live ကိုကြည့်ပြီး ဝယ်ယူတာဖြစ်ပြီး ထက်ထက်က အရမ်းကိုကျေးဇူးတင်သလို ပျော်ရွှင်ရပါတယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။ ထက်ထက်ကတော့ ဘာပဲရောင်းရောင်း အရမ်းကိုရောင်းကောင်းလောက်အောင် ချစ်တဲ့ ပရိသတ်တွေများတာ မျက်မြင်ပါပဲ ပရိသတ်ကြီးရေ ..။

Source : Htet Htet Moe Oo
Emily (Cele Gabar)