ကိုဗစ်ကာကွယ်ကုသရေးအတွက် ငွေကျပ် သိန်း (၂၀) ကျော်လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ အာဇာနည်တို့မိသား

Posted on

ကိုဗစ် ရောဂါအမြန်ဆုံးပျောက်ကင်းဖို့အတွက် ကာကွယ်ကုသရေး စင်တာတွေကို အနုပညာရှင်တွေ နဲ့တကွ အလှူရှင်တွေ တော်တော်များများက လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ် ။ ကိုဗစ်အတွက် လှူဒါန်းကြသူတွေထဲမှာ ပရိသတ်အချစ်တော် တေးသံရှင် အာဇာနည်တို့မိသားစုလည်း အပါအဝင်ဖြစ်ခဲ့ပြီး မကြာသေးမီကမှ ဧရာဝတီစင်တာအတွက် ငွေကျပ် (၁၀)သိန်းလှူဒါန်းခဲ့ပါသေးတယ် ။ လတ်တလောမှာလည်း အင်းယားစင်တာအတွက် ငွေကျပ် (၁၀)သိန်းဖိုးရှိ အာဟာရဒါနကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။

ကိုဗစ် ကာလမှာ အားလုံး အခက်အခဲအကျပ်အတည်းတွေ အနည်းနဲ့အများရှိကြမှာ သေချာပါတယ် ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးအတူတကွလွတ်မြောက်ကျော်လွှာနိုင်ဖို့ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်တို့မိသားစု တဖတ်တစ်လမ်းမှတတ်နိုင်သလောက်ပါဝင်လှူဒါန်းမှုလေးပြုလုပ်ခဲ့ပါတယ် ကျွန်တော်တို့ လှူဒါန်းမှုဟာ ချစ်တဲ့ပရိသတ်ကြီးနဲ့အတူမို့ အားလုံးကုသိုလ်ရဖို့မျှော်လင့်ပါတယ်ဘေးရန်ကင်း၍မိသားစုတိုင်းကျန်းမာပျော်ရွှင်ကြပါစေ ဆိုတဲ့စာသားလေးနဲ့အတူ ကိုဗစ်အတွက် ပါဝင်လှူဒါန်းခဲ့တဲ့ မှတ်တမ်းတွေကို ပရိသတ်တွေကို ဝေမျှခဲ့တာပဲဖြစ်ပါတယ် ။

ချစ်ပရိသတ်ကြီးကတော့ အာဇာနည်တို့မိသားစုရဲ့အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပြီး ဒီထက်မက အမြဲလှူနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ။ အာဇာနည်တို့မိသားစုလေးကို ချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးထပ်တူ သာဓုခေါ်ဆိုနိုင်ဖို့အတွက် အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : R Zar Ni
Emily (Cele Gabar)