အောက်တိုဘာ (၂၉) ရက်နေ့က ထက်ထက်မိုးဦး နဲ့ Yoma Land Group တို့ရဲ့ Pun Hlaing Housing တို့ပူးပေါင်းပြီး Live Sale နဲ့ရောင်းချခဲ့ရာ (၃) ဦး ဈေးဆိုင်ခဲ့ပြီး (၁)ဦးကတော့ (၇၂၅၀) နဲ့ချက်ချင်းဝယ်ယူခဲ့တဲ့အတွက် အရမ်းကို ဝမ်းသာပျော်ရွှင်ရကြောင်း ဒီနေ့မနက်မှာ ထက်ထက်က ပရိသတ်တွေကိုအသိပေးခဲ့တာပါ ။
ဒီနေ့ညနေပိုင်းမှာတော့ နောက်ထပ် သိန်း (၇)ထောင်ကျော်တန် အိမ် (၄)လုံးထပ်မံရောင်းချရကြောင်း ပရိသတ်တွေကို သတင်းကောင်းပါးလာခဲ့ပါတယ် ။ အားလုံးကို ကျေးဇူးအရမ်းတင်တယ်။ Lotus Place သိန်း (၇၂၅၀) တန် နောက်ထပ်ရောင်းရပြန်ပြီ။ ထက် Live ကိုကြည့်ပြီးပဲ သိန်း (၇၀၀၀) ကျော်တန်တွေချည်း (၄) လုံးရောင်းရပြီမို့ ပိုပြီးဂုဏ်ယူရတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ အပျော်တွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။
မထင်မှတ်လောက်အောင် အားပေးကြတာမို့ ဘာပြောရမှန်းမသိအောင် ပျော်လို့စာတောင်မရေးတတ်တော့ဘူး။ ပရိသတ်တွေကိုလည်း အမြဲမေတ္တာပို့ပါတယ် လို့လည်းချစ်စဖွယ်ရေးသားထားပါသေးတယ် ။ ပရိသတ်ကြီးထက်ထက်နဲ့ အတူ ဝမ်းသာသွားအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Htet Htet Moe Oo
Emily (Cele Gabar)