ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ဖြိုးပြည့်စုံကတော့ ဒီနေ့မှာ အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိတ်တွေသာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြလာခဲ့ပါတယ်။ အလှူလေးကတော့ ချင်းပြည်နယ် ကန်ပက်လက်မြို့ ရင်သွေးငယ်များခိုလှုံရာ လူငယ်ဖွံံဖြိုကရေး ပရဟိတဂေဟာမှာ ရေစုကန်ဆောက်လုပ်ဖို့ကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
ဖြိုးပြည့်စုံကတော့ ဒီအလှူလေးကို ပြီးခဲ့တဲ့ မွေးနေ့အတွက်ရယ်. အမေဖြစ်သူအတွက်ရယ် ဆရာဖြစ်သူ KAT အတွက်အလှူလေးပြုလုပ်ချင်တာကြောင့် စုထားတဲ့ ငွေ သိန်း(၃၀)ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ဖြိုးပြည့်စုံက ရင်သွေးငယ်များခိုလှုံရာ လူငယ်ဖွံံဖြိုကရေး ပရဟိတဂေဟာမှာရှိတဲ့ ကလေးငယ်တွေ ပိုမိုအဆင်ပြေပြီး ဘဝရည်မှန်းချက်တွေအောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။
ဖြိုးပြည့်စုံက အခုလိုလှူဒါန်းဖြစ်တဲ့ အလှူငွေတွေဟာ သူ့ကို အစဉ်တစိုက်ပံ့ပိုးအားပေးတဲ့ သူတွေရဲ့အလှူငွေတွေဖြစ်တာကြောင့် (၇)ရက်သားသမီးတွေထပ်တူရစေဖို့အမျှပေးဝေထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဖြိုးပြည့်စုံရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။
Chilli – CeleGabar
Source – Phyo Pyae Sone – ဖြိုးပြည့်စုံ