မရိုတတ်ဘူးလို့ ထင်နေတဲ့ ပရိသတ်တွေကို ပြန်လည်ဖြေရှင်းခဲ့တဲ့ စိန်ဖြိုးလှိုင်

Posted on

ပရိသတ်တွေ မောင်ဆိုတဲ့ မင်းသားလေးအဖြစ် သိခဲ့တဲ့ စိန်ဖြိုးလှိုင်ကတော့ မင်းသမီးချောလေး ရီရီပွင့်ဖြူကတော့ ပရိသတ်တွေ အားကျရတဲ့ဆယ်လီအနုပညာရှင်စုံတွဲပါ ။ မကြာသေးမီကမှ ရီရီပွင့်ဖြူက ရိုမန့်မဆန်တတ်တဲ့ ချစ်သူ စိန်ဖြိုးလှိုင်ရဲ့အကြောင်းကို ပရိသတ်တွေကို ဝေမျှခဲ့တဲ့အတွက် ပရိသတ်တွေက ဒေါက်တာစိန်တစ်ယောက် မရိုတတ်ဘူးလို့ သတ်မှတ်ခဲ့ကြပါတယ် ။

 

ပရိသတ်တွေ မရိုတတ်ဘူးလို့ ထင်နေတဲ့ ဒေါက်တာ စိန်ကတော့ Relationship တိုင်းက သူ့နည်းသူဟန်နဲ့ အချစ်ကိုဖော်ပြကြတာချည်းပါပဲ မ Ro ဘူး ဆိုရင်တောင်အဲ့ဒါ Ro နည်းတမျိုးပါပဲ လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ ကိုယ်မှအချစ်ခံနေရတယ်လို့ ထင်နေတာဟာ မှားတယ်.လို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

 

စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ ချစ်သူသက်တမ်း (၇) နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး နှစ်တွေအကြာကြီး လက်တွဲခဲ့တာ ဖြစ်လို့ မရိုတတ်ဘူးဆိုရင်တောင် ချစ်သူကို အရမ်းချစ်တတ်တဲ့ ယောက်ျားတစ်ယောက် ဖြစ်မယ်ဆိုတာကတော့ အသေချာပါပဲ .။ မရိုတတ်ပေမယ့် အရမ်းချစ်တတ်တဲ့ ယောက်ျားတွေ ရှိတယ်ဆိုတာကို ဒေါက်တာစိန်တစ်ယောက် ဒီပို့စ်လေးနဲ့ ဖြေရှင်းလိုက်တာပါ ပရိသတ်ကြီးရေ ..။

Source : Sein Phyo Hlaing
Emily (Cele Gabar)