အနုပညာသက်ရင့်လာတာနဲ့အမျှ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို တစ်စထက်တစ်စသိမ်းပိုက်လာနိုင်တဲ့ မြန်မာအမျိုးသမီးအနုပညာရှင်ကတော့ ဝတ်မှုန်ရွှေရည်ပါ။ ကစ်ရဲ့အနုပညာနဲ့ အလှအပတွေကို နိုင်ငံတကာက လက်ခံချီးကျူးထားကြသလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် Asia Model Creative Awards မှာလည်း The Only Mom ဇာတ်ကားနဲ့ Regional Winner ဖြစ်ခဲ့သူတစ်ယောက်ပါ။
အားပေးနေတဲ့ပရိသတ်ကြီးဂုဏ်ယူရအောင် အမြဲကြိုးစားနေတဲ့ကစ်ကတော့ ဒီနေ့မှာဝမ်းသာစရာသတင်းကကောင်းလေးတစ်ခုကို မျှဝေပေးလာပါတယ်။ အဲ့ဒါကတော့ လာမယ့် ဒီဇင်ဘာလ (၁၇) ရက်နေ့မှာကျင်းပမယ့် နာမည်ကျော် Bangkok International Documentary Awards 2020 အခမ်းအနားကြီးမှာ ကစ်ကို မြန်မာနိုင်ငံကိုယ်စားပြု အကဲဖြတ်ဒိုင်တစ်ယောက်အနေနဲ့ ဖိတ်ကြားခံခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအခမ်းအနားကြီးမှာတော့ ဥရောပ၊ အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ နဲ့ အာရှတိုက်အသီးသီးက စိတ်ဝင်စားစရာ Documentary ဇာတ်ကားတွေကို ပါဝင်ပြသသွားမှာပါ။
ကစ်ကတော့ အခုလိုဖိတ်ကြားခြင်းကို ဝမ်းမြောက်စွာနဲ့လက်ခံခဲ့တဲ့အပြင် ဒီ Documentary ဇာတ်ကားတွေကိုကြည့်ရှုပြီး ကစ်ရဲ့အမြင်တွေကို မျှဝေသွားဖို့လည်း မစောင့်နိုင်တော့ကြောင်း ဝမ်းသာစွာရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပါဝင်ထားကြတဲ့ ပညာရှင်တွေအကုန်လုံးကိုလည်း ကံကောင်းကြပါစေလို့ ဆုတောင်းပေးခဲ့ပါသေးတယ်။ နိုင်ငံတကာပြိုင်ပွဲအခမ်းအနားကြီးမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ကစ်အတွက် ကစ်ရဲ့ပရိသတ်တွေလည်း ဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။
Source – Wutt Hmone Shwe Yi
Rainbow- Cele Gabar