ပထမဆုံးရတဲ့အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင် သင်းယု

Posted on

The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အသက်အငယ်ဆုံးပြိုင်ပွဲဝင်လို့ဆိုရမယ့် Rapper မလေး သင်းယုကတော အသက်(၁၆) နှစ်သာရှိသေးပေမယ့် ယုံကြည်မှုအပြည့်နဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Battle Round အဆင့်ထိ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အားပေးနေတဲ့ We Love တွေအတွက် တစ်နေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလျက်ရှိသလို လွန်ခဲ့တဲ့ရက်ပိုင်းကလည်း အနုပညာလှုပ်ရှားမှုတစ်ခု လုပ်ထားကြောင်း မျှဝေခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ဘဝရဲ့ပထမဆုံးမှတ်တိုင်တစ်ခုကို အောင်အောင်မြင်မြင်နဲ့စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ပျော်ရွှင်စွာနဲ့ မျှဝေခဲ့ပါတယ်။ သင်းယုဆိုတာဖြစ်တည်လာဖို့အတွက် ကိုယ့်ကိုကိုယ်လည်း အားတင်းကြိုးစားခဲ့ရသလို….. ဘေးကနေမတားတော့ဘဲ ဆက်အားပေးလာတဲ့မိဘနှစ်ပါးကို…..အနုပညာကြေးအကုန်ကန်တော့လိုက်ပါတယ်…. ပထမဆုံးသောအနုပညာကြေးကို…….အရေးအပါဆုံးသောမိဘနှစ်ပါးအတွက်သာ… နောက်ထပ်သောအနုပညာလှုပ်ရှားမှုတိုင်းမှရတဲ့အနုပညာကြေးတိုင်းက….. မေမေနဲ့ဖေဖေအတွက်ပဲအမြဲ ဖြစ်နေမှာပါ ဆိုတဲ့စာသားနဲ့အတူ မိဘနှစ်ပါးကို ကန်တော့နေတဲ့ကြည်နူးဖွယ်ပုံရိပ်လေးကို မျှဝေခဲ့ပါတယ်။

သင်းယုကတော့ ဒီအနုပညာကြေးလှုပ်ရှားမှုလေးနဲ့ပတ်သက်ပြီး ပရိသတ်ကိုချပြထားခြင်းမရှိသေးပေမယ့် ကြော်ငြာတစ်ခုက ရတဲ့အနုပညာကြေးပါ… ကြော်ငြာလွှင့်ရင် သိရပါမယ် ဆိုပြီးအသိပေးခဲ့သလို လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ရိုက်ကူးရေးပုံရိပ်တချို့ကို မျှဝေပေးခဲ့ပါသေးတယ်။ The Voice Myanmar ရဲ့ ပြိုင်ပွဲဝင်အနေနဲ့သာ ပရိသတ်နဲ့ ပထမဆုံးထိတွေ့ခဲ့ပေမယ့် အခုလို ကြော်ငြာရိုက်ဖို့ကမ်းလှမ်းခံခဲ့ရတဲ့အပြင် ရလာတဲ့အနုပညာကြေးနဲ့ မိဘကန်တော့နိုင်ခဲ့တဲ့ သင်းယုအတွက် ဝမ်းသာဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦး ပရိသတ်ကြီးရေ..


Source- Thin Yuzana Naing
Rainbow- Cele Gabar