ပရိသတ်ကြီးရေ ကိုဗစ်ရောဂါ ကာကွယ်ကုသ တိုက်ဖျက်ရေးအတွက် အလှူရှင်တွေ အဖက်ဖက်က လှူဒါန်းမှုတွေ ပြုလုပ်နေကြတဲ့ထဲမှာ အနုပညာရှင်တွေ လည်း ပါဝင်အားဖြည့်ခဲ့ကြပါတယ် ။ လတ်တလောမှာတော့ မောင်မောင်အေးနဲ့အတူ သဇင်နွယ်ဝင်းတို့နှစ်ယောက်က ဦးဆောင်ပြီး SP Gems မှ ကိုဗစ်ကာကွယ်ရေးအလှူအတွက် လေလံပွဲလေးတစ်ခုပြုလုပ်ခဲ့ပါတယ် ။

ကိုဗစ်တိုက်ဖျက်ရေးအလှူ အဖြစ် (၈၈) သိန်း ကြမ်းခင်းဈေးသတ်မှတ်ထားတဲ့ အောင်အတိတ် အောင်နိမိတ်ဆောင် မင်္ဂလာ ဒေါင်းလေးကို သိန်း (၃၁၀) အထိ ဈေးပြိုင် ပေးရင်း လေလံအောင်သွားတဲ့တဲ့သူကတော့ သရုပ်ဆောင် စမိုင်းလ်ပဲဖြစ်ပါတယ် ။ မောင်မောင်အေးက စမိုင်းလ် လေလံအောင်သွားတဲ့အတွက် အကြီးကြီးဂုဏ်ပြုကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။
လေလံအပြိုင်ပေးခဲ့သူတစ်ဦးမကျန် နဲ့ အားပေးဝန်းရံခဲ့ကြသော မိတ်ဆွေများအားလုံးကိုလည်း မောင်မောင်အေးက ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။ ဒါ့အပြင် MRTV-4 က အစီစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ သဇင်နွယ်ဝင်းကိုလည်း အင်မတန်မှ pro ပီသတဲ့ ညီမလေး သဇင်နွယ်ဝင်း နဲ့ SP Gems မိသားစုတို့နှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းရေးသားဖော်ပြခဲ့ပါတယ် ။
Source : Maung Maung Aye
Emily (Cele Gabar)