ဘဝမှာအထီးကျန်ဆုံးချိန်ကိုဖြတ်သန်းနေရတဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ရှိန်းတင်ထူး

အပြုံးချိုချိုလေးတွေနဲ့မင်းသားချောရှိန်းတင်ထူးကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေလုပ်နေသူဖြစ်ပြီး “သူစိမ်းအိမ်” ဇာတ်ကားထဲမှာတော့ ပရိသတ်တွေသတိထားမိကြမှာပါ။ အမြဲကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး အမြမြဲလိုလိုပြုံးပြုံးရွှင်ရွှင်တွေ့ရတဲ့ ရှိန်းတင်ထူးကတော့ ပရိသတ်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။


သူကတော့ လတ်တလောအဆင်မပြေတဲ့အကြောင်းကို ဘဝမှာ အထီးကျန်ဆုံး အချိန်နဲ့ စိတ်အပူဆုံးအချိန်ကိုပြပါဆို ဒီအချိန်တွေပဲဖြစ် လိမ့်မယ်။တော်သေးတာပေါ့ဗျာ အကောင်းဘက်ကပဲ တွေးပေးတက်တဲ့ စိတ်လေးကို အမေပေးထားလို့ တည်ငြိမ်တဲ့ စိတ်လေးကိုလဲအဖေက ပေးထားလို့ မဟုတ်ရင် Depression ဝင်ပီး လူ့အသိုင်းအဝိုင်းနဲ့အဆက်အသွယ်ပြတ်နေလောက်ျပီ ။ပခုံး တွေကောင်းလို့ ကံတရားကိုလဲကျေးဇူးတင်မိတယ်။ ဆိုပြီးတော့ သူ့ခံစားချက်တွေကို ဖေ့ဘွတ်ခ်မှာရေးသားလာတာပါ။


ဒါ့အပြင်ပရိသတ်တွေကိုလည်း ကျွန်တော့်ခံစားချက်တွေကို ကျွန်တော်တစ်ယောက်ပဲ မျိုသိပ်ပီး ခံစားတက်လို့ ကိုယ့်ကိုယ်ကိုလဲ ကျေးဇူးတင်မိတယ် ။အမြဲတန်းရယ်နေပြုံးနေနိုင်တယ်ဆိုတာ လွယ်တော့မလွယ်ဘူးဗျ မျက်နှာပိုးမသေလို့လဲ တစ်ခြားလူတွေကလဲ ပြောကြတယ် ။ ဘယ်သူတွေဘာပဲပြောပြောဗျာ ကိုယ့်ကိုယ်ကို တစ်အားတော်တယ်လို့ထင်တယ် ဆရာကြီးပေါ့ဗျာ 2020 ကိုတော့နည်းနည်းစိတ်ဆိုးမိတယ် ။ ရေးထားတဲ့စာကိုဖတ်ပီး အချစ်ကြောင့်တို့ဘာတို့မထင်ပါနဲ့ အာရုံနောက်တယ် … ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ ရှိန်းတင်ထူးတစ်ယောက် အဆင်မပြေဖြစ်နေပေမယ့် ပရိသတ်တွေကတော့ အားပေးစကားတွေပြောနေခဲ့ကြပါတယ်။ ဘာအကြောင်းကြောင့်လဲတော့မသိရပေမယ့် အမြန်ဆုံးစိတ်ချမ်းသာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : SheinTinHtoo

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x