ပရိသတ်ကြီးရေ မနက်ဖြန်နိုဝင်ဘာလ(၈) ရက်နေ့ကတော့ နောက်လာမယ့် အစိုးရသက်တမ်း(၅) နှစ်အတွက် အုပ်ချုပ်ပေးမယ့် ပြည်သူ့ခေါင်းဆောင်တွေကို ကိုယ့်ရင်ထဲကဆန္ဒအတိုင်း မဲပေးရွေးချယ်နိုင်မယ့်နေ့လေး ဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်အတွက် အရမ်းအရေးကြီးတဲ့နေ့လေးမို့ မပျက်မကွက် သွားရောက်မဲပေးကြဖို့ အနုပညာရှင်တွေအကုန်လုံးက တိုက်တွန်းနေသလို ကိုယ့်ရဲ့ဆန္ဒမဲ တစ်မဲကလည်း ပယ်မဲ မဖြစ်သွားစေဖို့ စစ်ဆေးသင့်တာတွေကို လွင်မိုးက အခုလို မျှဝေပေးခဲ့ပါတယ်။
ငါတို့ရပ်ကွက်ရဲ့မဲစာရင်း သေချာမှု…အကုန်..ကွက်တိ..မနက်ဖြန်..ဒိုး..ပြီ…ပေးပြီ..အော်..မေ့လို့..ဟိုရောက်ရင်..တံဆိပ်တုံးစစ်ရဦးမယ်… ကြိုးနဲ့ချည်မချည်ကြည့်ရဦးမယ်..နောက်ပြီး..စာအိပ်ပြဲမပြဲ…. UECတံဆိပ်..ပါမပါကြည့်ရဦးမယ်..အားလုံးသေချာအောင်ဂရုစိုက်ပြီး…အပယ်မကျအောင်..အဲ….ယောင်လို့..ပယ်မဲမဖြစ်အောင်ဆောင်ရွက်ကြပါစို့…. ဆိုပြီး ကိုယ့်ရဲ့ဆန္ဒမဲတစ်ပြားက ပယ်မဲမဖြစ်ရလေအောင် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ပရိသတ်ကြီးရေ.. နိုင်ငံရဲ့အနာဂတ်အတွက် မဲထည့်ဖို့ကလည်း အရေးကြီးသလို ကိုဗစ်ကာလ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ လုံခြုံစိတ်ချစွာ မဲပေးကြဖို့ကလည်း အရေးကြီးတာမို့ မနက်ဖြန် မဲရုံကို သွားတဲ့အခါ Mask ၊ ခေါင်းစွပ်၊ Face Shield တွေတပ်ပြီး တစ်ကိုယ်လုံးလုံခြုံစွာ ဝတ်ဆင်သွားဖို့၊ မဲပေးကဒ်၊ မှတ်ပုံတင် နဲ့ မဲပေးရာမှာ လိုက်နာသင့်တဲ့အချက်တွေ၊ မဲပေးတဲ့အချိန် စစ်ဆေးသင့်တာတွေ အကုန်တစ်ခုမှ မလစ်ဟင်းရလေအောင် ဒီနေ့ထဲက ကြိုတင်ပြင်ဆင်ထားကြဖို့ ဆယ်လီကမ္ဘာမှာ တိုက်တွန်းလိုက်ပါတယ်နော်။
Source- Lwin Moe
Rainbow- Cele Gabar