ပရိသတ်ကြီးရေ မယ်လိုဒီကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို သူမရဲ့ သားလေးသိဒ္ဒိစစ် မွေးဖွားပြီးနောက် အရင်ကထက်ပိုပိုလှလာကာ ကလေးအမေလို့မထင်ရလောက်အောင်နုပျိုနေတဲ့မင်းသမီးတစ်လက်ပါ။ ခုနောက်ပိုင်းမှာတော့ ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ဘုရားတရားတွေအရမ်းလုပ်နေတာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါနော် ။
လတ်တလောမှာတော့ မယ်လိုဒီတစ်ယောက် ထောက်ကြံ့မြို့ကိုရောက်ရှိနေပြီး ထောက်ကြံ့မြို့နယ်လေးကအေးချမ်းပျော်ရွှင်ပြီး နေချင်စရာလေးပါထောက်ကြံ့ဈေးကလည်း စုံလင်သက်သာဈေးဝယ်လို့ကောင်းပါတယ်(အထူးသဖြင့် ဝက်သားရောင်းတဲ့အန်တီကြီး ၄ပိဿာဝယ်တာ ၁ပိဿာလောက် အပိုထည့်ပေးတယ် ရက်ရောချက်)အသီးသည်အစ်မကလည်းသဘောကောင်းချက် ကြာသာပတေးနေ့ကဝယ်တာ မကောင်းတာ ၁လုံးပါလာလို့ ခု စနေ အစားတစ်လုံးပြန်ပေးပြီး ဈေးပါလျော့ပေးလိုက်သေးတယ် ဆိုတဲ့စာသားလေးနဲ့အတူ ထောက်ကြံ့မြို့သူမြို့သားတွေရဲ့ ဖော်ရွှေသဘောကောင်းမှုကိုရေးသားဖော်ပြခဲ့ပါတယ် ။
ထောက်ကြံ့ပျော်လေးဖြစ်ပြီး စိတ်ကလေး အေးချမ်းနေပါတယ်လို့လည်း သူမရဲ့ခံစားချက်လေးကို ပရိသတ်တွေကိုမျှဝေပေးထားပါသေးတယ် ။ မယ်လိုဒီကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီး အတွက်လည်း ထောက်ကြံ့ရောက်နေတဲ့မယ်လိုဒီရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။
Source : Melody
Emily (cele Gabar)