ကျွန်တော့်ပေတံကျိုးသွားလည်း ကိုယ်ပိုင်သီချင်းတွေနဲ့ ပြန်ဆက်သွားမယ်ဆိုတဲ့ ထိုက်ကြီး

Posted on

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်တင်ဆက်နေတဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ မနေ့ညက Episode-12 ပထမဆုံး Knockouts Round ပွဲကို Live လွှင့်တင်ဆက်ခဲ့ပြီဖြစ်ပါတယ်။ Team အာဇာနည်၊ Team ရန်ရန်ချမ်း နဲ့ Team နီနီတို့က ပြိုင်ပွဲဝင် Team တစ်ဖွဲ့စီက လေးယောက်စီ စုစုပေါင်း ပြိုင်ပွဲဝင်(၁၂) ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်တချို့နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။

ဟိုးအရင်ကတည်းက အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရထားသလို The Voice Myanmar ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Team အာဇာနည်အဖွဲ့ဝင် အဆိုတော်ထိုက်ကြီးကတော့ မနေ့ကယှဉ်ပြိုင်မှုမှာ နှုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ Team အာဇာနည်အဖွဲ့ထဲက ပြိုင်ပွဲဝင်ထိုက်ကြီး၊ ဆလိုင်းတေးလျန်၊ G နဲ့ N Oo L တို့က ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ထိုက်ကြီးကတော့ ကိုယ့်ရဲ့ဘုရင်မ သီချင်းနဲ့ အမိုက်စားသီဆိုဖျော်ဖြေနိုင်ခဲ့ပေမယ့် ပရိသတ်တွေ မျှော်လင့်ထားသလို နောက်တဆင့်တက်လှမ်းခွင့်မရခဲ့ပါဘူး။

အခုလို ဖြစ်သွားတဲ့အပေါ် ထိုက်ကြီးကတော့ အားလုံးကိုတောင်းပန်ပါတယ်ဗျာ…. ကြိုးစားတိုင်းလည်းမဖြစ်လာတော့ကံပေါ့ဗျာ… ကျနော့်ပေတံကျိုးသွားလည်းပြန်ဆက်မယ်…. ကိုယ်ပိုင်သီချင်းတွေနဲ့ရှေ့ဆက်မယ်ဗျာနားလည်ပေးကြပါနော် ဆိုပြီး အားပေးနေတဲ့ ပရိသတ်ကြီးကို တောင်းပန်စကားဆိုခဲ့ပါတယ်။ The Voice Myanmar က နှုတ်ဆက်ထွက်ခွာခဲ့ရပေမယ့် ရှေ့ဆက်လျှောက်မယ့်ဂီတခရီးလမ်းမှာ ပရိသတ်တွေက အားပေးဖို့အသင့်ပါပဲတဲ့နော်။


Source – Phyo Kyaw Htike
Rainbow- Cele Gabar