ပရိသတ်တွေရင်ခုန်စေမယ့် ကျော်ထက်ဇော်နဲ့ ပိုးကြာဖြူခင်တို့ရဲ့ ရိုက်ကွင်းနောက်ကွယ်ပုံရိပ်မျာ

Posted on

အနုပညာရှင်တွေကတော့ အနုပညာဖန်တီးမှုအသစ်တွေကို ဆက်တိုက်ကြိုးစားနေလေ့ရှိသလို ပရိသတ်တွေကိုလည်း ချပြလေ့ရှိတာပါ။ အခုလည်း ပိုးကြာဖြူခင်နဲ့ကျော်ထက်ဇော်တို့ကတော့ ပရိသတ်တွေကို ရင်ခုန်မျှော်လင့်နေစေမယ့် ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကို ချပြလာခဲ့ပါတယ်။


သူတို့နှစ်ဦးကတော့ Music Video အတွက် ရိုက်ကူးရေးလုပ်နေတာဖြစ်ပြီး ပရိသတ်တွေကိုလည်း အသိပေးလာခဲ့တာပါ။ ပိုးကြာဖြူခင်ကတော့ “မိန်းကလေးတစ်ယောက်အတွက် MV shooting .. Coming soon” ဆိုပြီးတာ့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာတာပါ။ ဒီ Music Video ကိုတော့ V7Entertainment ရိုက်ကူးထုတ်လုပ်သွားမှာလည်း ဖြစ်ပါတယ်။


ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာရိုက်ကူးအောင်မြင်ခဲ့သလို လက်ရှိမှာလည်း “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေကြားရေပန်းစားနေသူပါ။ ကျော်ထက်ဇော်ကလည်း ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ နာမည်ကြီးလျက်ရှိပြီး ထုတ်လွှင့်ပြသခဲ့တဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း လူကြိုက်များခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ Music Video လေးကို မျှော်နေတော့မှာ အမှန်ပါပဲနော်…
Source : PoeKyarPhyuKhin