ယောက်ျားတစ်ယောက်ကို ငွေမက်လို့ယူတယ်လို့ပြောနေကြသူအချို့ကို သရုပ်ဆောင် မယ်လိုဒီကသူမဘဝရဲ့ အဖြစ်မှန်အချို့ကို ပြောပြလာခဲ့ပါတယ် ။ အိမ်ထောင်မပြုခင်ကတည်းကနေခဲ့တဲ့ သူမရဲ့အိမ်ပိစိလေးကို ရှိသမျှshe shine ကအရစ်ကျဝယ်ထားတဲ့ပစ္စည်းတွေ ၊ မမျိုးသန္တာထွန်းတိုက်တွန်းလို့ အရစ်ကျဝယ်ထားတဲ့ ချမ်းသာကွန်ဒိုကအခန်းလေးနဲ့ ဦးဘိုလှဂါးဒင်းထဲကမြေကွက် အားလုံးကိုရောင်းပြီး ချစ်ခင်ရတဲ့ အစ်မတစ်ယောက်ရဲ့ အကြံပေးမှုနဲ့ဝယ်ယူခဲ့ပြီးနောက်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ် ။
မင်္ဂလာဝတ်စုံ ဦးပြည်စိုးအောင် ၊ မိတ်ကပ် မကြီးစန်း မေမေစန်း ၊ ပန်း မာမီကျော် ၊ ဗီဒီယို ကိုဝဏ္ဏခွါနီး လက်ဆောင် ၊ ကိုသုံးပေါင် ဦးပီတာဈေးလျော့ယူတဲ့အပြင် သူမရဲ့သူငယ်ချင်းက မျက်နှာငယ်မှာစိုးလို့ သိန်း ၃၀၀ အထုတ်လိုက်လာပေးပြီး အတိုးမယူဘူး အဆင်ပြေတဲ့အချိန်မှဆပ်ဆိုပြီး ချေးပေးခဲ့တဲ့အပြင် မင်္ဂလာလက်ဖွဲ့ ဒေါ်လာ၅၀၀၀ ဖွဲ့ခဲ့ပြီး မင်္ဂလာပန်းပါ ကြဲခဲ့တဲ့အတွက် မင်းသမီးတစ်ယောက်ကိုလက်ထပ်ယူရတာ အကုန်အကျမများဘူး လို့မယ်လိုဒီက ပြောပြလာခဲ့တာဖြစ်ပါတယ် ။ သူမဟာ အရာရာကြိုတင်ပြင်ဆင်တတ်သလို အကောင်းဆုံးတွေ မမျှော်လင့်ဘဲ အဆိုးဆုံးကြုံလာရင် ဘယ်လိုရင်ဆုံမလဲ ကြိုပြင်ဆင်ထားတတ်သူဖြစ်ပြီး မှားရင် ကြီးကြီးငယ်ငယ် တောင်းပန်ဖို့ဝန်မလေးဘူးလို့လည်း ရေးသားဖော်ပြထားပါသေးတယ် ။
ကျွန်မအိမ်လေးလည်း ဘဏ်မှာ သိန်း ၄ထောင်နဲ့ ၂၀၁၇ ကတည်းကပေါင်ထားတာ မနှစ်ကထိ ကျွန်မအတိုးဆပ်ပေးနိုင်ခဲ့တယ် ဆိုတာ ကိုယ်တိုင်ကြုံမှ အဲ့ဒီနေရာကို ကိုယ်တိုင်ရောက်မှခံစားတတ်တာ နားလည်နိုင်တာယောကျ်ားတစ်ယောက်ကို ငွေမက်လို့ ယူတယ် တွဲတယ် အသိုင်းအဝိုင်းမက်လို့ လို့ပြောနေကြတဲ့သူတွေ အောက်လမ်းနဲ့လုပ်တယ်လို့ပြောနေကြတဲ့သူတွေ ကိုယ့်စကားက ကိုယ့်စိတ်ဘဲဆိုတာ တရားလက်လွတ် မမေ့ပါနဲ့ အရမ်းစော်ကားချင်တယ် ဆဲချင်တယ်ဆို ဘဏ်ကြွေး သိန်း၄ထောင်နဲ့အတိုးတွေ ကိုယ်စားလာဆပ်ပေးလိုက်ကြ ပြီးရင် အလှည့်ကျဆဲ လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ အဖြစ်မှန်တွေကို ရေးသားပြောပြခဲ့တာပဲဖြစ်ပါတယ် ။
Source : Melody
Emily (Cele Gabar)