ငှက်ပျောကြော်ကို ကိုယ့်နာမည်သုံးပြီး လာကန်တော့သွားတဲ့ လူလိမ်စုံတွဲအကြောင်းပြောလာတဲ့ မျိုးသန္တာထွန်း

Posted on

ပရိသတ်ကြီးရေ လတ်တလောကိုဗစ်ကာလအကျပ်အတည်းတွေကြောင့် နေရာတော်တော်များများမှာ ခိုးဆိုးလုနှိုက်သတင်းတွေ ပုံစံအမျိုးမျိုးနဲ့လိမ်ညာနေကြတာတွေကို ပရိသတ်ကြီးလည်း ကြားသိကြမှာပါနော်။ လတ်တလောကာလကတော့ သီတင်းကျွတ်ကာလလည်းဖြစ်တာကြောင့် သီတင်းကျွတ်ကန်တော့တာကို ခုတုံးလုပ်ပြီး ပိုက်ဆံလာလိမ်တောင်းနေသူတွေလည်း ရှိနေကြောင်းကို သရုပ်ဆောင်မျိုးသန္တာထွန်းကတော့ သူ့ရဲ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။

ဒီညနေ ကိုငှက်ပျောကြော် ဖုန်းဆက်ပြီးမေးလာတယ်၊မျိုးသန္တာထွန်းရဲ့တူ ဆိုပြီးကောင်လေးတယောက် လာကန်တော့တယ်တဲ့၊ကောင်မလေးတယောက်လည်း ပါတယ် သူနဲ့ လက်ထပ်မယ့် မိန်းကလေးလို့ပြောပြီးမိတ်ဆက်ပါတယ်တဲ့၊ စကားတွေ ရေပက်မဝင်ပြောပြီး ကိုငှက်ရဲ့ နာမည်ရင်းကိုလည်း ပြော၊အရမ်းရင်းနှီးခဲ့ဖူးသလိုတွေ လုပ်ပြီး မုန့်ဖိုးတောင်းသွားပါတယ်တဲ့၊ ကိုငှက်က (၂) သောင်းပေးတာကို နည်းလို့ (၃) သောင်းပေးပါလို့တောင်းသေးတယ်တဲ့..အရမ်းကို အံ့ဩသွားပါတယ်….ကျမရဲ့ တူတွေ/တူမတွေ(ကျမရဲ့သား)ကအစ ဘယ်အနုပညာရှင်အိမ်ကိုမှ သွားလေ့ သွားထမရှိပါဘူးရှင်၊ ကျမတို့တောင် အလုပ်ထဲမှာပဲ တွေ့ကြ ဆုံကြတာပါ၊အဲ့လို နာမည် အလွဲသုံးစားလုပ်ပြီး လိုက်လိမ်နေတာကို တော်တော့်ကို စိတ်ခံပြင်းမိပါတယ် ဆိုပြီး လူလိမ်တွေအကြောင်းကို မျှဝေခဲ့ပါတယ်။

အနုပညာရှင်မောင်နှမတွေအကုန်လုံး သူ့လို နာမည်အလွဲသုံးစားလုပ်တာ မခံရစေဖို့နဲ့ အားလုံးအလိမ်မခံရအောင် ဒီအကြောင်းလေးကို မျှဝေပေးခဲ့တာဖြစ်ပြီး လူလိမ်စုံတွဲလာခဲ့ရင်လည်း သတင်းပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ လူကြီးသူမတွေကို သီတင်းကျွတ်ကန်တော့တာကို ခုတုံးလုပ် အသုံးချပြီး မုန့်ဖိုးလိမ်တောင်းသွားတာကလည်း တကယ်ကို အနုနည်းနဲ့ ဓားပြတိုက်နေသလိုပဲမို့ ကိုယ့်အိမ်ကို မသိတဲ့လူစိမ်းတွေလာရင် လက်မခံကြဖို့ ငှက်ပျောကြော်နဲ့ မျိုးသန္တာထွန်းတို့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source- Myo Myo
Rainbow- Cele Gabar