သီချင်းဟောင်းတစ်ပုဒ်ကိုခွင့်ပြုလို့အသံသွင်းပြီးကာမှ ကန့်ကွက်ခဲ့တဲ့အဖြစ်ကို ကြုံခဲ့ရတဲ့ Rဇာနည်

Rဇာနည်ကတော့ ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုနှစ်ပေါင်းများစွာ သိမ်းပိုက်ထားနိုင်သူပါ။ လက်ရှိအချိန်မှာလည်း The Voice Myanmar လိုအစီအစဉ်မျိုးမှာ ဒိုင်လူကြီးတစ်ယောက်အဖြစ်ပါဝင်နေပြီဖြစ်သလို အနုပညာဖန်တီးမှုအသစ်တွေလည်း လုပ်နေဆဲပါ။ ဂီတကိုချစ်တဲ့Rဇာနည်ကတော့ အဆင်မပြေခဲ့တဲ့ဖြစ်ရပ်တစ်ခုကို ပရိသတ်ကိုပြောပြလာပါတယ်။


Rဇာနည်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ” စိတ်ထဲ ခံစားမှုတစ်ခုက အချိန်ကျလာလို့ပါ.. ကျွန်တော် Rဇာနည် ဂီတလောက မှာ ကြီးတဲ့သူရိုသေ ငယ်တဲ့သူ ရိုင်းပင်းကူညီ နေလာခဲ့ပါတယ်။ လူဆိုတာ အမှားမကင်း ပုထုဇဉ်မို့ တစ်ခါတရံမှားတာတွေလဲ ရှိပါတယ် ဒါပေမဲ့ဘယ်သူတစ်ဦးတစ်ယောက်အပေါ်မှ မယုတ်မာခဲ့ဘူးဆိုတာ ယုံကြည်ပါတယ် အဆိုတော်သက်တမ်းတစ်လျှောက် ကိုယ့်သီချင်းကိုယ်ဆိုခဲ့သလို ကမ္ဘာပေါ်မှာလဲ ရှိရှိသမျှ သီချင်းတွေကို ခေတ်အဆက်ဆက်ပြန်ဆိုကြတယ် စီးပွါးဖြစ်လုပ်ကြတယ် တောင့်တလို့ဖန်တီးကြတဲ့ ပြန်ဆိုတေးတွေလဲဆိုပါတယ် ပြန်ဆိုတေးရဲ့သဘောတရားကိုသိတဲ့လူတွေရှိသလို မသိသေးတဲ့လူတွေလဲ အများအပြားရှိ တဲ့ လောကကြီးမှာ တေးသီချင်းသီဆိုပြီး ရိုးသားစွာအသက်မွေးဝမ်းကြောင်းပြုလုပ်ပါတယ်သီချင်းကိုချစ်မြတ်နိုးတဲ့သူတစ်ယောက်မို့ ဘယ်လိုသီချင်းမျိုးကိုမဆို သီချင်းကိုချစ်တဲ့စိတ်နဲ့အမြဲဆိုပါတယ်

ပြန်ဆိုတေးတွေပြန်ဆိုတိုင်းလဲ အမြဲ Respect ပေး ဘယ်သူရေးတာဘယ်သူဘယ်တုန်းကဆိုခဲ့တာ စသဖြင့် အသိမှတ်ပြု ပြောဆိုလေ့လဲရှိပါတယ် ဒါကို နာလည်တဲ့ ပရိတ်သတ်ရှိသလို နားမလည်တဲ့ ပရိတ်သတ်ကိုလည် နားလည်ပါတယ် အခုပြောချင်တာကတော့ သီချင်းဟောင်းတစ်ပုဒ် ကိုပြန်ဆိုဖို့ ကမ်းလှမ်းလို့ လက်ခံပြီးခါမှ ခွင့်ပြုဖို့အဆင်မပြေလို့ဆိုလို့ မဆိုတော့ဘူး ရပါတယ် ဘာမှမဖြစ်ဖူး အဆင်ပြေပါတယ်ဆိုပြီး အမှန်တကယ်စိတ်ထဲ အဆင်ပြေနေခဲ့ပါတယ် ပြီးနောက် ထိုသီချင်းဆိုဖို့အဆင်ပြေ ပါတယ်ဆိုလို့ စီစဉ်သူရော အစီစဉ်ဖြစ်မြောက်အောင်ဝိုင်းဝန်းလုပ်ဆောင်သူများရော တီးခတ် အသံဖမ်းသောညီအစ်ကိုများနဲ့ကျွန်တော်ပါ ဝမ်းသာအားရ အသံသွင်းပြီးခါမှ ခွင့်ပြုထား တာကို အလွယ်တကူကန့်ကွပ်ခဲ့တဲ့အဖြစ်မျိုး ကြုံခဲ့ရလို့ ဒီစာကိုရေးခြင်းဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ပြောချင်တာတော့ ကျွန်တော်ဟာ အသက်အရမ်းမကြီးသေးပေမဲ့အသက်မငယ်တော့တဲ့ လူတစ်ယောက်ဖြစ်တာမို့ ကိစ္စတိုင်းကို စဉ်းစားချင့်ချိန်ပြီးမှလုပ်ကြဖို့ ပြောကြဖို့ ဆုံးဖြတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။


Rဇာနည်ကတော့ သီချင်းကောင်းများစွာထွက်ရှိခဲ့တဲ့အဆိုတော်တစ်ဦးတာကြောင့် နောက်လူတွေအားကျရတဲ့အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ သီချင်းဟောင်းတစ်ပုဒ်ကိုပြန်လည်သီဆိုရာမှာခွင့်ပြုချက်ရတာကြောင့် အားလုံးအသံသွင်းကာစီစဉ်ထားပြီးဖြစ်ပေမယ့် ကန့်ကွက်သူကြောင့်ပျက်ခဲ့ရတဲ့အဖြစ်ကိုကြုံရတာပါတဲ့ ပရိသတ်ကြီးရေ…
Source : zarnimyonyunt

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x