Official Music Video ထွက်ရှိလာတဲ့ ပိုးကြာဖြူခင်ရဲ့သီချင်းအသစ်

Posted on

ပိုးကြာဖြူခင်ကိုတော့ ဇာတ်လမ်းတွဲချစ်တဲ့သူတွေမသိသူမရှိလောက်ပါဘူးနော်။ ဆိုင်းမိုင်ဆိုတဲ့ချစ်စနိုးနာမည်လေးနဲ့အတူ သရုပ်ဆောင်ပီပြင်ကောင်းမွန်တဲ့မင်းသမီးတစ်လက်ပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကတော့ မနေ့ညကပြီးခဲ့ပြီဖြစ်ပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်ခဲ့ကြတာပါ။


ဇာတ်လမ်းတွဲပြီးသွားတဲ့နေ့မှာပဲ သူကိုယ်တိုင်သီဆိုထားတဲ့သီချင်းရဲ့ Official Music Video လေးထွက်ရှိလာပါတယ်။ ဆိုင်းမိုင်ကတော့ အဆိုတော်စိန်လင်းနဲ့တွဲပြီးတော့ သီချင်းထွက်ရှိထားတာ ပရိသတ်အားပေးမှုလည်း ရရှိထားပါတယ်။ အခုလည်း အသည်းကွဲသီချင်းလေးကိုပရိသတ်တွေအတွက်ဖန်တီးပေးခဲ့ပြီး အားပေးမှုလည်း ရရှိထားတာပါ။


သီချင်းနာမည်ကတော့ “မိန်းကလေးတစ်ယောက်အတွက်” ဖြစ်ပြီးတော့ မင်းသားချောကျော်ထက်ဇော်ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေနားဆင်နိုင်အောင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်..

Source : PoeKyarPhyuKhin