ဒီနေ့မှာ အသက်(၃၉) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်အချစ်တော် ညီညီမောင်(စမ်းချောင်း)

ပရိသတ်ကြီးရေ… ဒီနေ့ဇွန်လ(၃၀) ရက်နေ့လေးကတော့ သုသုလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ မိတ်ကပ်ဖန်တီးရှင်ညီညီမောင်(စမ်းချောင်း) ရဲ့ အသက်(၃၉) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ သုသုကတော့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ပေမယ့် ပျော်စရာဟာသ Tik Tok လေးတွေနဲ့ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့သူပါ။

နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်လာရတဲ့အထိ အောင်မြင်မှုရရှိလာသူလည်း ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ သူ့ရဲ့မွေးနေ့လေးမှာတော့ “Happy birthday to me… (၃၉) နှစ်ထိ ကျွေးမွေးပေးကမ်းပြုစု ပေးခဲ့ကြသော မိဘ၊ဆွေမျိုး၊ဆရာသမား၊မိတ်ဆွေ ထမင်းရှင် (၇) ရက်သားသမီးများ တလုပ်စားဖူး ကျေးဇူးရှိသူများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားတိုး လာဘ်ရွှင်ကျပါစေ ကြောင်းဆုမွန်ကောင်း ပို့သအပ်ပါတယ်ရှင်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့ကျရောက်တဲ့သူ့ရဲ့မွေးနေ့လေးမှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတချို့ကို ထမင်း၊ဟင်းနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါသေးတယ်။

စိတ်ထားကောင်းပြီး ပရိသတ်တွေအတွက်ပျော်စရာတွေပဲ အမြဲမျှဝေပေးနေသူ သုသုကတော့ အသက်(၃၉) နှစ်ရှိပြီဖြစ်ပေမယ့်လည်း လူငယ်တစ်ယောက်လို အမြဲလန်းဆန်းတက်ကြွနေတာ အမှန်ပါပဲ ပရိသတ်ကြီးရေ… ဒီနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး ဒီထက်မက ပျော်ရွှင်အေးချမ်းမှုတွေနဲ့ ဘဝကိုအကောင်းမွန်ဆုံးဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သုသုရေ..


Source – Nyi Nyi Maung
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x