သင်ဆရာမြင်ဆရာ တစ်ယောက်ဖြစ်တဲ့ မင်းဦးကိုသွားရောက်ကန်တော့ခဲ့ကြတဲ့ ကျော်ထက်ဇော်နဲ့ ကျော်ထက်အောင်

Posted on

ပရိသတ်ကြီးရေ .. ဆရာသမားတွေအပေါ်မှာ အမြဲဂါရဝထားတတ်တဲ့ မင်းသားချောလေး ကျော်ထက်ဇော်နဲ့ MRTV-4 ရဲ့ အစီစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ကျော်ထက်အောင် တို့ အနုပညာညီအစ်ကိုနှစ်ယောက်ကတော့ သူတို့ရဲ့ ဆရာသမား ဝါရင့်အနုပညာရှင်တစ်ယောက်ကို သွားရောက် ဂါရဝပြု ကန်တော့ခဲ့ကြတယ်လို့သိရပါတယ် ။

သင်ဆရာဆိုလည်းဟုတ် မြင်ဆရာဆိုလည်းဟုတ် ကြားဆရာဆိုလည်းဟုတ် တဲ့ အစ်ကိုဆရာ ကိုမင်းဦး ဝါကျွတ်ဂါရဝပြု ခဲ့တယ်ဆိုတဲ့ စာသားလေးနဲ့အတူ ဆရာလိုလေးစားရတဲ့ သရုပ်ဆောင် မင်းဦးကို သွားရောက်ကန်တော့ခဲ့ကြတဲ့ ပုံရိပ်လေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဒါ့အပြင် သရုပ်ဆောင် မင်းဦးရဲ့ ခုထိ အရွယ်တင် နုပျို နေသေးတာကို အားကျလို့မဆုံးဘူးလို့လည်း ကျော်ထက်အောင်က ရေးသားဖော်ပြထားပါသေးတယ် ။

ညီငယ်လေးဖြစ်တဲ့ သရုပ်ဆောင် ကျော်ထက်ဇော်နဲ့ အတူ ဂါရဝပြုကန်တော့ခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကတော့ ဆရာသမားအပေါ် သိတတ်ရိုသေကြတဲ့ သူတို့နှစ်ဦးကို ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြပါတယ် ။ ကျော်ထက်ဇော် နဲ့ ကျော်ထက်အောင် တို့ အနုပညာညီအစ်ကို နှစ်ယောက်ရဲ့ ဂါရဝပြု ကန်တော့ပုံရိပ်လေးတွေကိုလည်း ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Kyaw Htet Aung
Emily (Cele Gabar)