အေးမြဖြူနဲ့ စသိကာစက အချိန်မတူဘဲ လုံးဝပြောင်းလဲလာကြောင်း ပြောပြလာတဲ့မောင်မောင်အေး

Posted on

ပရိသတ်ကြီးရေ အစီစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ မောင်မောင်အေးက မြန်မာအိုင်ဒေါလ် ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူလေးနဲ့ စတင်တွေ့ရှိခဲ့စဉ်က အမှတ်တရလေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ မိုးသိုလေးနဲ့စသိတုန်းက သီချင်းစာသားတွေတောင် ဖတ်တတ်တဲ့အရွယ်မဟုတ်သေးလို့ ရှိသမျှသီချင်းအလွတ်ကျက်ပြီး ပြိုင်ပွဲဝင်ခဲ့တဲ့အရွယ်လေးပဲရှိသေးတယ်လို့သိရပါတယ် ။

 

ပါရမီ ဘယ်လောက်ပါလာတယ်ပဲပြောပြော စဉ်ဆက်မပြတ် ဇွဲ လုံ့လ ဝီရိယအပြည့်နဲ့ ဝါယမ စိုက်ထုတ်ခဲ့မှုကြောင့်ရော မိခင်ဖြစ်သူရဲ့ အနီးကပ်တည့်မတ်လမ်းညွှန်ပေးခဲ့မှုတွေကြောင့် ကြိုးစားခဲ့သမျှအရာထင်ခဲ့သူလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ မောင်မောင်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြလာခဲ့ပါတယ် ။

ဘာရယ်မဟုတ် ဖုန်းထဲကပုံတွေလျှောက်ကြည့်ရင်း ဒီချစ်စရာပုံလေး သိမ်းထားတာတွေ့လို့ ဝမ်းသာကြည်နူးစွာနဲ့ မျှဝေလိုက်ရပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ အေးမြဖြူနဲ့ စတင်တွေ့ဆုံခဲ့စဉ်က အမှတ်တရပုံရိပ်လေးကိုလည်း ပရိသတ်တွေကို မျှဝေပေးထားပါသေးတယ် ။ မိုးသိုလေးရဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း မောင်မောင်အေးနဲ့ မိုးသိုလေးရဲ့ အမှတ်တရပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Mg Mg Aye
Emily (Cele Gabar)