မစ်မစ်တုန်လေးရဲ့ (၆)လပြည့်မွေးနေ့လေးကိုကျင်းပခဲ့ကြတဲ့ အာဇာနည်တို့မိသားစု

Posted on

ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အာဇာနည်ကတော့ သာယာတဲ့မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ ။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် ဆိုတဲ့ သားလေး နှစ်ယောက်နဲ့ မစ်မစ်တုန် ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပြီး လူတိုင်းအားကျရတဲ့ မိသားစုဘဝလေးကို ရရှိထားတာပါ ။

ဒီနေ့ကတော့ သမီးအငယ်ဆုံးလေး မစ်မစ်ရဲ့ (၆) လပြည့်မွေးနေ့လေးဖြစ်ပြီး ချစ်တဲ့သမီးလေးရဲ့ မွေးနေ့ပွဲလေးကို မိသားစုနဲ့အတူ ပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ် ။ မစ်မစ်တုန်လေး ၆ လပြည့် မွေးနေ့အမှတ်တရ ဆိုတဲ့စာသားလေးနဲ့ အတူ အာဇာနည်က သမီးလေးရဲ့ မွေးနေ့ အမှတ်တရ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကလည်း မစ်မစ်လေးအတွက် မွေးနေ့ ဆုတောင်းလေးတွေ အများကြီးပေးခဲ့ကြပါတယ် ။သမီးလေး မစ်မစ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အသက်ရှည်ကျန်းမာပါစေလို့ ဆယ်လီကမ္ဘာကလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : R Zar Ni
Emily (Cele Gabar)