(၁၃)နှစ်သားအရွယ် Rap သီချင်းတွေစတင်ရူးသွပ်စဉ်က ငယ်ဘဝပုံရိပ်တွေကိုထုတ်ပြလိုက်တဲ့ နေဝင်း

Posted on

Snare အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့နေဝင်းကတော့ ငယ်ရွယ်စဉ်ကတည်းက Rap သီချင်းတွေကို အရူးအမူး သဘောကျခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ Underground ဘဝမှာထဲက ဝါသနာပါရာ ဂီတကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ အတွက် အခုလို အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်လာနိုင်ခဲ့တာပါ ။

 

လတ်တလောမှာတော့ နေဝင်းက အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်မဖြစ်ခင် ဖြတ်သန်းလာခဲ့ရတဲ့ လွန်ခဲ့သော နှစ်၂၀ ကပုံလေးတစ်ပုံကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။ SNARE အဖွဲ့ရဲ့ အစ .. 2000 ခုနှစ်က သီချင်းတွေ စဆိုတဲ့အရွယ် ဆိုတဲ့စာသားလေး။နဲ့အတူ ၁၃ နှစ်သား ချာတိတ်လေး နေဝင်း ရဲ့ ငယ်ဘ၀ ပုံရိပ်လေးကို ပရိသတ်တွေကိုထုတ်ပြခဲ့တာဖြစ်ပါတယ် ။

ဓာတ်ပုံထဲမှာ စုစုပေါင်း (၅) ယောက်ပါဝင်ပြီး ဘယ်သူတွေလဲသိကြလား … ကျွန်တော်က ဘယ်တစ်ယောက်လဲ လို့လည်း နေဝင်းက ပရိသတ်တွေကို ပြန်လည်မေးခွန်းထုတ်ထားပါသေးတယ် ။ ပရိသတ်ကြီးရော ဓာတ်ပုံထဲက (၅) ယောက်က ဘယ်သူလဲသိကြလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Nay Win
Emily (Cele Gabar)