ဝါသနာကြောင့် သီချင်းအသစ်လေးတစ်ပုဒ်ရေးထားတယ်ဆိုတဲ့ ဥက္ကာမင်းမောင်

Posted on

တောင့်တင်းတဲ့ ခန္ဓာကိုယ်အလှကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ မော်ဒယ်မင်းသားချော ဥက္ကာမင်းမောင်ကတော့ မော်ဒယ်မင်းသားတစ်လက်အနေဖြင့် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါတယ်။ သူကတော့ အဆိုတော်တစ်ယောက်အနေနဲ့ တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ “18” ဆိုတဲ့တေးစီးရီးဟာ (၂၀၁၆) ခုနှစ် နိုဝင်ဘာလ (၁၈) ရက် မှာ ထွက်ရှိခဲ့ပါသေးတယ်။ ဥက္ကာမင်းမောင်ကတော့ ဝါသနာကြောင့် သီချင်းအသစ်လေးတစ်ပုဒ်ရေးထားတဲ့ အကြောင်းကို “သီချင်း အသစ်တပုဒ်တော့ ရေးပြီးပြီ.. အတီး ကိုအပ်ထားတယ်.. စာသား နဲနဲ ကြမ်းမယ်..ဟီး EDM ပုံစံလေး.. ရန်ကုန်ပြန်လာတဲ့အခါ သွင်းမယ် ကိုယ့်အရင် 18 အခွေလဲ Music Video တပုဒ်မှ မရိုက်လိုက်ရဘူး.. သီချင်းတွေတီးတာ ၁၈ ပုဒ်လောက်ရှိတယ်.. အခွေထဲထည့်တာ ၁၂ ပုဒ်.. ပိုက်ဆံတွေ သိန်း နှစ်ရာနီးပါးလောက် ရင်းပြီး Music video အတွက်ထပ်မရင်းနိုင်တော့လို့.. Music video ရိုက်ဖို့သူငယ်ချင်းအဆိုတော်တွေမေးကြည့်တော့ တပုဒ်ကို ရိုက်ကူးကုန်ကျစရိတ် အောက်ထစ် သိန်း ၂၀ လောက်ကျတယ်တဲ့

အလင်းရောင်က သူ့သီချင်းတပုဒ် ပြင်ဦးလွင်တက်ရိုက်ထားတာ သိန်း ၆၀ လောက်ကုန်တယ်ဆိုတော့ ကိုယ့်မှာလဲ အမလေး တပြီး လက်လျော့လိုက်တယ်.. ငယ်ငယ်က ကာရာအိုကေတွေမှာ သရုပ်ဆောင်ခဲ့သလို စုံတွဲတွေ ဟိုပြေးဒီပြေး ရိုးရိုးကြီးတွေလဲ မရိုက်ချင်ဘူး.. ကိုယ်လုပ်ချင်တဲ့ အိုင်ဒီယာအဆန်းတွေ production ပိုင်းတွေကလဲ ပိုက်ဆံကုန်ပေါက်တွေချည်းပဲ.. စိတ်လျော့လိုက်ပါတယ်.. ခေတ်ကလဲ Online ပဲ တင်ရတဲ့ခေတ်ဆိုတော့ Music video အတွက် သုံးတဲ့ပိုက်ဆံကပြန်မှမရတာလေ.. နာမည်ကြီး အဆိုတော်မဟုတ်တော့ ရှာရပိုခက်တယ်.. ကံကောင်းလို့ အခွေထုတ်ပြီး နယ်ပွဲတချို့ လာငှားတော့ လိုက်ဆိုပြီး အခွေအတွက် သုံးခဲ့တာ ပြန်ရှာခဲ့တာ ၃ ပုံတပုံလောက်တော့ပြန်ရခဲ့တယ်.. ဒါပေမယ့် ကိုယ်က မြန်မာပြည်မှာ အမြဲနေတဲ့သူမဟုတ်တော့လဲ ပွဲတွေလိုက်ဆိုဖို့အဆင်မပြေပါဘူး.. ဘယ်နယ်မှလဲ ပရိုမိုးရှင်းမဆင်းနိုင်ခဲ့ဘူး.. နယ်တွေမှာ လက်မှတ်ထိုးဖို့ကလဲ မင်းသားမင်းသမီး အဆိုတော် သူငယ်ချင်းတွေကို စရိတ်စက တာဝန်ယူပြီး ခေါ်သွားရတာလေ.. အခွေရောင်းရတာထက် ပွဲလုပ်တဲ့စရိတ်တွေ အသုံးစရိတ်တွေကပိုများတော့ မတတ်နိုင်ခဲ့ဘူး.. အခု အချိန်တွေကြာသွားတော့လဲ ကိုယ့်စိတ်က အဟောင်းကိုစိတ်မဝင်စားတော့ဘူး.. အသစ်ပဲထပ်လုပ်ချင်တော့တယ်.. ဒီတခါတော့ Music video လေးပါရအောင်ရိုက်မယ်.. ခေတ်ကာလကလဲ တပုဒ်ချင်းစီ online တင်တဲ့ခေတ်ရောက်သွားတော့ ကောင်းပါတယ်.. တခွေလုံးစာ လုပ်စရာမလိုတော့ဘူး.. ဪ.. ဝါသနာ ဝါသနာ.. ဒီသီချင်းလေးကတော့ မြူးမြူး ကြမ်းကြမ်း ညစ်တီးညစ်ပတ် လေးပေါ့.. ဟက်ဟက်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ သူကတော့ ဒီတစ်ခေါက် သီချင်းသစ်လေးကိုတော့ Music video လေးပါရအောင်ရိုက်ပါမယ်တဲ့။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော် မော်ဒယ်မင်းသားချော ဥက္ကာမင်းမောင်ကတော့ အဆိုတော် ဝါသနာကြောင့် သီချင်းအသစ်လေးတစ်ပုဒ်ရေးထားပြီး အတီး ကိုအပ်ထားကာ ရန်ကုန်ပြန်လာတဲ့အခါ သီချင်းသွင်းမှာပါတဲ့နော်။

Source: Okkar Min Maung
DarDar-CeleGabar